Monday, January 2, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုညစာစားပွဲနှင့် ဂုဏ်ပြုဖျော်ဖြေရေးအစီအစဉ် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ ကြည့်ရှုစစ်ဆေး

 


နေပြည်တော် ဇန်နဝါရီ ၂

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကျင်းပရေးဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် ယနေ့ညနေပိုင်းတွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုညစာစားပွဲနှင့် ဂုဏ်ပြုဖျော်ဖြေရေးကျင်းပမည့်နေရာများ၌ အခမ်းအနားများဆောင်ရွက်မည့်အစီအစဉ်နှင့် ကြိုတင်ပြင်ဆင်ထားမှုများအား ကြည့်ရှုစစ်ဆေးသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်သည် ဧည့်ခံကြိုဆိုနေရာချထားရေး၊ ဂုဏ်ပြုညစာတည်ခင်းဧည့်ခံရေး၊ ဂုဏ်ပြုယာဉ်များဆုချီးမြှင့်မည့်အစီအစဉ်၊ လေထီးအလွတ်ခုန် အရာရှိ၊ စစ်သည်၊ စစ်သမီးများအား ဂုဏ်ပြုဆုပေးအပ်မည့်အစီအစဉ်၊ အလှပြ Drone များ လွှတ်တင်ဖျော်ဖြေမည့် အစီအစဉ်၊ မီးရှုးမီးပန်းများပစ်ဖောက်ခြင်း၊ ပဒေသာကပွဲနှင့် ဖျော်ဖြေရေးအစီအစဉ်များ ပြင်ဆင်ဆောင်ရွက်ထားရှိမှုအပါအဝင် အစီအစဉ် များအလိုက် ဆောင်ရွက်သွားမည့်အစီအမံများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြား သည်။

ထိုသို့ လေ့ကျင့်ဆောင်ရွက်နေမှုများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ အခမ်းအနားကျင်းပရေးဗဟိုကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဆပ်ကော်မတီဥက္ကဋ္ဌများဖြစ်ကြသည့် ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ လိုက်ပါကြည့်ရှုကြပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၊ ဝန်ကြီးဌာနများအလိုက် အထိမ်းအမှတ်ပြခန်းများ၊ ဒေသထွက်ရိုးရာအစားအသောက်နှင့် အထိမ်းအမှတ်ပစ္စည်းအရောင်းဆိုင်များ ဇန်နဝါရီ ၄ ရက် နေ့တွင်ဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment