နေပြည်တော် ဒီဇင်ဘာလ ၁၄
၁။ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် ပြည်သူလူထု၏ လိုအပ်လျက်ရှိသော လျှပ်စစ်ဓာတ်အား ကို နည်းမျိုးစုံဖြင့် တိုးမြှင့်ထုတ်လုပ်နိုင်ရန် စီမံဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ စီမံဆောင်ရွက်နေသော်လည်း ယခုကာလများတွင် ပြည်သူလူထု၏လိုအပ်ချက်ကို လုံလောက်အောင် ဖြည့်ဆည်းပေးနိုင်မှုမရှိသဖြင့် ထုတ်လုပ်ပေးနိုင်မှုကိုအခြေခံ၍ မျှတစွာ ခွဲဝေခံစားရရှိနိုင်ရန် စီမံဆောင်ရွက်ဖြန့်ဖြူး လျက်ရှိပါသည်။
၂။ ထို့သို့ဆောင်ရွက်နေသည့်ကာလတွင်
ပြည်သူများ၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ထုတ်လုပ်၊ ပို့လွှတ်၊ ဖြန့်ဖြူးပေးလျက်ရှိသော
ဓာတ်အားလိုင်းများမှ ဘီလူးချောင်း ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံများမှထွက်ရှိသည့်
လျှပ်စစ်ဓာတ်အားကို နိုင်ငံတော်ဓာတ်အားစနစ်သို့ ပို့လွှတ် ပေးလျက်ရှိသည့် ၁၃၂ ကေဗွီ
ဘီလူးချောင်း(၂)-တီကျစ် ဓာတ်အားလိုင်း၏ တာဝါတိုင်(၂)တိုင်နှင့် သရက်မြို့နှင့်အနီးဝန်းကျင်ဒေသများသို့
ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိသည့် ၆၆ ကေဗွီ အောင်လံ- သရက် ဓာတ်အားလိုင်း၏ တာဝါတိုင်
(၁) တိုင်တို့ကို (၁၃-၁၂-၂၀၂၂) ရက်နေ့တွင်လည်းကောင်း၊ ၆၆ ကေဗွီ မင်းတပ်-မတူပီ ဓာတ်အားလိုင်းကြိုးအား
(၁၄-၁၂-၂၀၂၂) ရက်နေ့တွင်လည်းကောင်း NUG လက်ဝေခံ
PDF အကြမ်းဖက်သောင်းကျန်းသူများမှ ထပ်မံဖောက်ခွဲပစ်ခတ်ဖျက်ဆီးခဲ့သဖြင့်
လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ ဝန်ထမ်းများသည် လျှပ်စစ်မီးသုံးစွဲသူပြည်သူများသို့
လျှပ်စစ်ဓာတ်အား စဉ်ဆက်မပြတ် ဆက်လက်ဖြန့်ဖြူးနိုင်ရေးအတွက် အမြန်ဆုံးပြင်ဆင် ဆောင်ရွက်လျက်ရှိ
ပါသည်။
၃။ သို့ပါ၍ ယနေ့အချိန်ထိ
NUG
လက်ဝေခံ PDF အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့်
ဖောက်ခွဲဖျက်ဆီးခဲ့သည့်အကြိမ်ပေါင်း(၄၄)ကြိမ် ဖောက်ခွဲဖျက်ဆီးခဲ့ရာ လျှပ်စစ်စွမ်းအား
ဝန်ကြီးဌာနအနေဖြင့်လည်း လုံခြုံရေးအဖွဲ့များနှင့်ပူးပေါင်းကာ ပြင်ဆင်ခြင်းလုပ်ငန်းများအား
ဆောင်ရွက်လျက်ရှိပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန
No comments:
Post a Comment