နေပြည်တော် မေ ၁၅
ပြည်ထောင်စုနယ်မြေ နေပြည်တော်ဇမ္ဗူသီရိမြို့နယ်တွင် နွေစပါးတစ်ဧက တင်း ၁၂၀အထက် ထွက်ရှိရေး ဧက ၅၀ စံပြကွက်တွင် နွေစပါးစံကွက်ရိတ်သိမ်းပွဲအခမ်းအနားကို ယနေ့နံနက် ပိုင်းကဇမ္ဗူသီရိမြို့နယ် တဲကြီးကုန်းကျေးရွာအုပ်စု စံပြစိုက်ကွင်း ရှင်းလင်းဆောင်၌ကျင်းပသည်။
ကြိုးပမ်းဆောင်ရွက်
ရှေးဦးစွာနေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က
ကျေးလက်နေပြည်သူများ ၏ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်လာမှသာ တိုင်းဒေသကြီး၊ ပြည်နယ်များအလိုက်
ဖွံ့ဖြိုးတိုးတက် ပြီးနိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှာဖြစ်သည့်အတွက် ကျေးလက်နေတောင်သူများ
လူမှုဘဝမြင့်မား ရေး၊ စီးပွားရေးကောင်းမွန်ရေးတို့ကို ဦးစားပေးဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊
နေပြည်တော်အတွင်း နွေစပါးရာသီတွင် မျိုးစေ့ထုတ်လုပ်ငန်းများကို တောင်သူလယ်သမားများက
သက်ဆိုင်ရာကုမ္ပဏီများ၊ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ဆောင်ရွက်နေကြောင်း၊ တစ်ဧက အကျိုးအမြတ်ပိုမိုရရှိနေကြောင်း၊
သီးနှံမျိုးစုံမျိုးစေ့ထုတ်လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာ အောင်အားလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း
ပြောကြားသည်။
ရှင်းလင်းတင်ပြ
ထို့နောက် နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာန
တိုင်းဦးစီးမှူး ဦးဝင်းထိန်က နေပြည်တော်အတွင်း နွေစပါးစိုက်ပျိုးမှုနှင့်ပတ်သက်၍လည်းကောင်း၊
လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဒုတိယတိုင်းဦးစီးမှူးဦးတင်ထွန်းအောင်က
နေပြည်တော်အတွင်း နွေစပါးစိုက်ပျိုးမှုနှင့် စံပြကွက်ရိတ်သိမ်းမှုအခြေအနေများကိုလည်းကောင်း၊
မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှူး ဦးဘဌေးက မြို့နယ်အတွင်းနွေစပါးစိုက်ပျိုးမှုနှင့်ပတ်သက်၍လည်းကောင်း
အသီးသီး ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်နှင့်အဖွဲ့သည်
တဲကြီးကုန်း ကျေးရွာအုပ်စုကွင်းအမှတ် (၁၆၅၉)အတွင်းရှိ တောင်သူဦးအောင်ငွေ၏
နွေစပါးစံကွက်ရိတ်သိမ်း နေမှုကိုကြည့်ရှုအားပေးရာ နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာန
တိုင်းဦးစီးမှူးကနွေစပါးစံကွက် ရိတ်သိမ်းနေမှုနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြ၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌက
တောင်သူများကို မျိုးကောင်းမျိုးသန့်စပါးများရရှိရေး၊ သီးနှံအထွက်နှုန်း တိုးတက်မြင့်မားရေးအတွက်
အသိပညာပေးရေးလုပ်ငန်းများ ထိထိရောက်ရောက် ဆောင်ရွက်ပေးစေလိုကြောင်းနှင့် လိုအပ်သည်များကို
မှာကြားခဲ့ကြောင်းသိရသည်။
ယနေ့ တဲကြီးကုန်းကျေးရွာ တောင်သူ ဦးအောင်ငွေ
ကွင်းအမှတ်(၁၆၅၉)တွင် စိုက်ပျိုးထား သည့် ထိုင်းနှံကောက်စပါးမျိုးကို ရိတ်သိမ်းရာတွင်
တစ်ဧက ၁၂၅ တင်းကျော်ထွက်ရှိပြီး အထွက်နှုန်းကောင်းမွန်လျက်ရှိကြောင်းနှင့် ပြည်ထောင်စုနယ်မြေ
နေပြည်တော်အတွင်း၂၀၂၁- ၂၀၂၂ ခုနှစ်တွင် နွေစပါးစိုက်ပျိုးမှုဧကအနေဖြင့် စီမံကိန်းလျာထာ
ဧက ၁၈၈၀၃ ဧကဖြစ်ပြီး ၂၇၉၇၈ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment