နေပြည်တော် မေ ၁၅
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းညိန်း ဦးဆောင်၍ ညွှန်ကြားရေးမှူးချုပ်ဒေါ်ခိုင်ရွှေဝါ၊ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ဇော်တို့ပါဝင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် မေ ၁၂ ရက်မှ ၁၃ ရက်အထိ ပါကစ္စတန်နိုင်ငံ အစ္စလာမ္မာဘတ်မြို့တွင် ကျင်းပသည့် အကြိမ်(၅၀)မြောက် အာရှဗဟိုဘဏ်များငွေစာရင်း ရှင်းလင်းရေးအဖွဲ့(အေစီယူ) ဒါရိုက်တာအဖွဲ့အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။
အဆိုပါအစည်းအဝေးသို့ အေစီယူအဖွဲ့ဝင်နိုင်ငံ
ကိုးနိုင်ငံဖြစ်သည့် အိန္ဒိယ၊ ပါကစ္စတန်၊ အီရန်၊ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊
မြန်မာ၊ ဘူတန်၊ မော်လ်ဒိုက်နိုင်ငံတို့မှ ကိုယ်စားလှယ် များတက်ရောက်ခဲ့ကြသည်။
အစည်းအဝေး၌ အေစီယူအဖွဲ့ဝင်နိုင်ငံများ၏
စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုနှင့် အလားအလာများ၊ ၂၀၂၀ ဘဏ္ဍာနှစ်အတွင်း အေစီယူ၏ဆောင်ရွက်
ချက်များနှင့်တိုးတက်အောင်မြင်မှုများ၊ အေစီယူကျွမ်းကျင်မှုကော်မတီမှအကြံပြုတင်ပြချက်များဖြစ်သော
နိုင်ငံဖြတ်ကျော်ပေးချေမှု များဆိုင်ရာဆန်းသစ်တီထွင်မှုများ ပိုမိုတိုးတက်လာစေရေး၊
အေစီယူနိုင်ငံများအကြား ပြည်တွင်းသုံးငွေကြေးဖြင့် ပေးချေမှုများအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးနှင့်
အေစီယူစနစ် ပိုမိုကျယ်ပြန့်အားကောင်းခိုင်မာလာစေရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍
တက်ရောက်လာ သောအဖွဲ့ဝင်နိုင်ငံကိုယ်စားလှယ်များက အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌနှင့်အဖွဲ့သည်
မေ ၁၄ ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့သို့ လေကြောင်းခရီးစဉ်ဖြင့် ပြန်လည်ရောက်ရှိခဲ့ကြောင်း
သိရသည်။
သတင်းစဉ်

No comments:
Post a Comment