Thursday, December 16, 2021

တောင်ငူ၌ ကေတုမတီညဈေး ဖွင့်ပွဲအခမ်းအနားကျင်းပ

 



 

တောင်ငူ ဒီဇင်ဘာ ၁၆ 

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့တွင် ယမန်နေ့ ညနေ ၅ နာရီခွဲအချိန်က ဗိုလ်မှူး ဖိုးကွန်းလမ်း၌ ကေတုမတီညဈေးဖွင့်ပွဲ အခမ်းအနားကျင်းပသည်။ 

ရှေးဦးစွာ ဖွင့်ပွဲ၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထက်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီလွင်စိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်အောင်ဖြိုးတို့က ကေတုမတီညဈေးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

 ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထက်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများက ကေတုမတီ ညဈေးအတွင်း ဈေးရောင်း ဈေးဝယ်ပြုလုပ်နေကြသူများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။  

အဆိုပါ ညဈေးအား ဗိုလ်မှူးဖိုးကွန်းလမ်းနှင့် ဆေးရုံဟောင်းလမ်းတို့တွင် ဈေးဆိုင်ခန်းပေါင်း (၉၃) ခန်းဖြင့် ဖွဲ့စည်း ထားပြီး နေ့စဉ် ညနေ ၄ နာရီမှ ည ၈ နာရီခွဲအထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့် အညီ ဖွင့်လှစ်ရောင်းချမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။

ဇော်ထက် (တောင်ငူ)

No comments:

Post a Comment