Wednesday, November 10, 2021

လေးမျက်နှာမြို့နယ်တွင် VDP စီမံကိန်းမိတ်ဆက်ခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းပြုလုပ်

 


လေးမျက်နှာ     နိုဝင်ဘာ     ၁၀

ဧရာဝတီတိုင်းဒေသကြီး၊  ဟင်္သာတခရိုင်၊  လေးမျက်နှာမြို့နယ်  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်  ()လတာကာလအတွင်း  ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း စီမံကိန်း (VDP) ဖြင့်  ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး  စီမံကိန်း မိတ်ဆက်ရှင်းလင်း ခြင်းနှင့်  ကော်မတီဖွဲ့စည်းခြင်းကို  ယနေ့ နံနက်ပိုင်းက  လှော်ကထား ကျေးရွာအုပ်စု၊  ကြို့ကုန်းကျေးရွာရှိ ..က-ကြို့ကုန်းစာသင်ကျောင်းတွင်  ကိုဗစ်-၁၉ လမ်းညွှန်ချက် များနှင့်အညီ  ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ  လေးမျက်နှာမြို့နယ်  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန  မြို့နယ်ဦးစီးမှူး ဦးစိုးကျော်သူ (လက်ထောက်ညွှန်ကြားရေးမှူး)မှ  အမှာစကားပြောကြားပြီး  ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်း စီမံကိန်းလုပ်ငန်းစဉ်များနှင့် ပတ်သက်၍  ရှင်းလင်းပြောကြားသည်။  ထို့နောက်  ကော်မတီဖွဲ့စည်းရာတွင်  လိုက်နာရမည့်စည်းကမ်းများ၊  လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍  ကဏ္ဍတစ်ခုချင်းစီအလိုက်  ရှင်းလင်းပြောကြားပြီး  တက်ရောက်လာသူများက  ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်း စီမံကိန်းကော်မတီဝင်(၁၁)ဦးအား  အများသဘောနှင့်အညီ  ရွေးချယ်ဖွဲ့စည်း ခဲ့သည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ()လတာကာလ  ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း  ပံ့ပိုး ရန်ပုံငွေ ကျပ်သိန်း(၁၀၀)ဖြင့်  ကြို့ကုန်းကျေးရွာတွင်  ကျေးရွာနေပြည်သူများကိုယ်တိုင်  ကျေးရွာ၏ အဓိကလိုအပ်ချက်များတွင် ပါဝင်သော  ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းစီမံချက်များ ရေးဆွဲပြီး  ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ  နည်းပညာပံ့ပိုးကာ  ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရ သည်။

ကျော်ဟိန်း

No comments:

Post a Comment