Saturday, November 13, 2021

မင်းဘူးမြို့ ဧရာဝတီမြစ်အတွင်း ငါးသားပေါက်အကောင်ရေ သုံးသိန်းစိုက်ထည့်

 


မင်းဘူး နိုဝင်ဘာ ၁၃

မကွေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ စီစဉ်ကြီးကြပ်မှုဖြင့် မင်းဘူးခရိုင်၊ မင်းဘူးမြို့ရှိ ဧရာဝတီ မြစ်အတွင်း ငါးသယံဇာတများ ရေရှည်စဉ်ဆက်မပြတ် ဖွံဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ဧရာဝတီမြစ် အတွင်း ပွင့်ဖြူမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသားပေါက်အကောင်ရေ သုံးသိန်းစိုက်ထည့်ခြင်းကို ယမန်နေ့နံနက် ၈ နာရီအချိန်က မင်းဘူးမြို့၊ အမှတ်()ရပ်ကွက် ကမ်းနားလမ်းအရှေ့ဘက် ဧရာဝတီမြစ်ကမ်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်း ဦးစီးဌာနမှ ငါးသယံဇာတများ ရေရှည်စဉ်ဆက်မပြတ် ဖွံဖြိုးတိုးတက်စေရန်နှင့် ငါးရိက္ခာ ပိုမိုစားသုံး နိုင်စေရန်အတွက် မင်းဘူးမြို့ ဧရာဝတီမြစ်အတွင်းသို့ ပွင့်ဖြူမြို့နယ်ငါးလုပ်ငန်းစခန်း၌ သားဖောက် ထားသော နှစ်လက်မအရွယ်ရှိ ငါးမြစ်ချင်း ငါးသားပေါက်အကောင်ရေ (၃၀၀,၀၀၀) မျိုးစိုက်ထည့် ခဲ့ကြသည်။

အဆိုပါ ငါးမျိုးစိုက်ထည့်ပွဲသို့ ခရိုင်/မြို့နယ်စီချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မကွေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှူး ဒေါ်မေသန္တာဝင့်၊ ခရိုင်ငါးလုပ်ငန်းဦးစီးဌာန ခရိုင်တာဝန်ခံ/မြို့နယ် ဦးစီးဌာနမှူး ဦးသိန်းကိုကိုထွန်း၊ ပွင့်ဖြူမြို့နယ် ငါးလုပ်ငန်းစခန်းတာဝန်ခံ ဦးစိုးလှိုင်နှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံပြည်သူများပါဝင်၍ ငါးမျိုးများစိုက်ထည့်ခဲ့ကြောင်း သိရသည်။

မောင်မောင်

No comments:

Post a Comment