ထားဝယ် နိုဝင်ဘာ ၁၀
တနင်္သာရီတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပ သည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကိုက ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီများအနေဖြင့် တိုင်းဒေသကြီးအတွင်း ဒေသအသီးသီးတွင် ဟိုတယ်နှင့် ခရီသွားလုပ်ငန်းကဏ္ဍ စနစ်တကျ ရေရှည်ဖွံ့ဖြိုးတိုးတက်လာနိုင်စေရေး အတွက် အကောင်အထည်ဖော် ဆောင်ရွက်သင့်သော လုပ်ငန်းများကို ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးသွားရမှာ ဖြစ်ကြောင်း၊ တိုင်းဒေသကြီးသည် ခရီးသွားလုပ်ငန်းကဏ္ဍ ပိုမိုဖွံဖြိုးတိုးတက်နိုင်ပြီး ပြည်တွင်းပြည်ပခရီးသွား ဧည့်သည်များကို ဆွဲဆောင် နိုင်သော အလားလာကောင်းများ တနည်းအားဖြင့် ပြကွင်း/ ပြကွက်နေရာများ တည်ရှိနေသော ခရီးစဉ်ဒေသကြီး တစ်ခုကြောင်း၊ ကော်မတီများအနေဖြင့် တိုင်းဒေသကြီးအတွင်း ခရီးသွား လုပ်ငန်းကဏ္ဍ စနစ်တကျပိုမိုဖွံ့ဖြိုး တိုးတက်နိုင်ရန်အတွက် ရှိရင်းစွဲခရီးစဉ်နေရာများကို ရေရှည်တည်တံ့ အောင် ဝိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်သွားရမှာဖြစ်ပြီး ဒေသအတွင်းခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ လုပ်ငန်းစဉ်များအားလုံးကို ပူးပေါင်း၍ စဉ်ဆက်မပြတ် ဝိုင်းဝန်းလုပ်ကိုင် ဆောင်ရွက်သွား ရမှာဖြစ်ကြောင်း၊ တက်ရောက်လာသော ကော်မတီဝင်များအနေဖြင့် တိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်း ကဏ္ဍ တိုးတက်နိုင်ရန်အတွက် အကောင်အထည်ဖော် ဆောင်ရွက်သင့်သော လုပ်ငန်းစဉ်များ၊ မူဝါဒများ၊ ကြီးကြပ် ဆောင်ရွက်သွားရမည့် အချက်များ၊စိတ်ပါ ဝင်စားသူလုပ်ငန်းရှင်များဘက်မှ အဆင်ပြေ လွယ်ကူ စွာဖြင့် လာရောက်ရင်းနှီးမြှပ်နှံနိုင်ရန် ဖြေလျော့ပေးသင့်သည်အချက်များကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေး ကြရန် လိုကြောင်းပြောကြားသည်။
ထိုနောက် တိုင်းဒေသကြီးဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်စီးပွားရေးရာ ဝန်ကြီးဦးမောင်ကြီးက ကော်မတီများ အနေဖြင့် ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်သော စီးပွားရေးလုပ်ငန်းများအပေါ်တွင် လုပ်ငန်းလိုင်စင်များ စိစစ်ခွင့် ပြုပေးခြင်းဆိုင်ရာ ကိစ္စရပ်များကို ဆောင်ရွက်သွား ရမှာဖြစ်ကြောင်း၊ သက်ဆိုင်ရာ လုပ်ငန်းရှင်များအလိုက် လုပ်ငန်းလိုင်စင်ချ ထား ဆောင်ရွက်မှုနှင့် ပတ်သက်၍ ကော်မတီအတွင်းရေးမှူးက ချပြရှင်းလင်း ဆွေးနွေး သွားမှာ ဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်းကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်နိုင်ရန်ရေးနှင့် ပတ်သက်၍ ရှင်းလင်းဆွေနွေးပြောကြားပြီး ကော်မတီအတွင်းရေးမှူး ဦးရဲအောင်မိုး က တိုင်းဒေသကြီးအတွင်းရှိ ခရီးသွားလုပ်ငန်းဆိုင်ရာ အခြေအနေများ၊ ကော်မတီက ဆုံးဖြတ်ပေးရမည့် သက်ဆိုင်ရာ ဝန်ဆောင်မှုကဏ္ဍအလိုက် လုပ်ငန်းလိုင်စင် လျှောက်ထားခြင်း အကြောင်းအရာများနှင့် ခရီးသွားလုပ်ငန်းကဏ္ဍ ပိုမိုဖွံ့ဖြိုး တိုးတက်လာအောင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် ရှေ့လုပ်ငန်းစဉ်များ အား ရှင်းလင်းဆွေးနွေးပြောကြားသည်။
ဆက်လက်၍ ကော်မတီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် စီးပွားရေး လုပ်ငန်းရှင်များက တွေ့ကြုံရသော အခက်အခဲများ၊ တိုင်းဒေသကြီးအတွင်း၌ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍ စနစ်တကျဖြင့် ရေရှည်ဖွံ့ဖြိုးတိုး တက်နိုင်ရေး အတွက် အကြံပြုရှင်းဆွေးနွေးရာ တိုင်းဒေသကြီးဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကိုက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိ သည်။
တိုင်းဒေသကြီး(ပြန်/ဆက်)
No comments:
Post a Comment