ဟားခါး နိုဝင်ဘာ ၁၀
ချင်းပြည်နယ်၊ ဟားခါးမြို့တွင် အုပ်စု(B)အဖြစ် သတ်မှတ်ခြင်းခံရသူများအား ပထမအကြိမ် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးမှုကို ယနေ့ နံနက် ၁၀ နာရီက ချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်က သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးမှုအခြေအနေ ကြည့်ရှုအားပေးရာတွင် ပြည်နယ် ဝန်ကြီးချုပ်နှင့်အတူ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်း၊ တိုင်းရင်းသား ရေးရာဝန်ကြီး ဦးစိန်ထွန်းလှနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုဦးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ တို့ လိုက်ပါခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က ကာကွယ်ဆေး လာရောက်ထိုးနှံကြသည့် မိဘပြည်သူများအား ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရခြင်းအားဖြင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများကိုရှင်းပြ၍ ကာကွယ်ဆေးထိုးနှံရာတွင်ပါဝင်သည့် မြို့နယ်ပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများ၊ တပ်မတော် အထူးကုဆရာဝန်များနှင့် စေတနာ့ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ ပေးအပ်သည်။
ကာကွယ်ဆေးကို ချင်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ စီမံချက်ပါ လုပ်ငန်းစဉ်များ အတိုင်း အုပ်စု( B) တွင် ပါဝင်သည့် ပုဂ္ဂိုလ်များအား ထိုးနှံပေးခြင်းဖြစ်ပြီး နိုဝင်ဘာလ ၉ ရက်နေ့မှ ၁၂ ရက်နေ့အထိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှိ ဗိုလ်တိုက်ချွန်းခန်းမနှင့် မြို့သစ်ရပ် ကွက်ရှိကာဆင်နှစ်ခြင်း ဘုရားကျောင်းများတွင် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မောင်တက်လမ်း
No comments:
Post a Comment