Monday, October 4, 2021

ဓနုဖြူမြို့နယ်တွင် People's Oxygen (ပြည်သူ့အောက်ဆီဂျင်) စက်ရုံဖွင့်ပွဲကျင်းပ




ဓနုဖြူ    အောက်တိုဘာ   

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်၊ မြို့ပတ်လမ်းတွင် တည်ရှိသော People's Oxygen (ပြည်သူ့အောက်ဆီဂျင်) စက်ရုံဖွင့်ပွဲအခမ်းအနားကို  ယမန်နေ့၊ နေ့လည်()နာရီ အချိန်ကကျင်းပခဲ့သည်။

အဆိုပါ စက်ရုံဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်() ဦးစိန်မောင်ဝင်း၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာကျော်မြင့်၊ မီးသတ်ဦးစီးဌာနမှဦးစီးမှူး ဦးနောင်နောင်နှင့် မီးသတ် တပ်ဖွဲ့ဝင်များ၊ အလှူရှင်များတက်ရောက်ခဲ့ကြပြီး  ပြည်တော်အေးပြသာဒ်ကျောင်းထိုင် ဆရာတော်ဦး ဆောင်သော သံဃာ()ပါးမှ ငါးပါးသီလခံယူခြင်း၊ ဆရာတော်မှ ရေစက်သွန်းချအမျှပေးဝေခြင်းနှင့် စက်ရုံတာဝန်ရှိသူများမှ အလှူရှင်များအားဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။

People's Oxygen (ပြည်သူ့အောက်ဆီဂျင်)စက်ရုံမှ တစ်ရက်တာ(၂၄)နာရီအတွင်း (၄၀)လီတာ အောက်ဆီဂျင်အိုး (၇၈)လုံးခန့် ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။


No comments:

Post a Comment