မြင်းခြံ အောက်တိုဘာ ၄
မြင်းခြံခရိုင်အတွင်းရှိ စားသုံးသူများ စားသုံးဆီ ဈေးနှုန်းချိုသာစွာ ဝယ်ယူသုံးစွဲနိုင်ရန် အတွက် မြင်းခြံခရိုင် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များမှ စားသုံးဆီ တစ်ပိဿာလျှင် ကျပ်(၃၉၀၀) နှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
"မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း (Meoda) မှ
ဦးဆောင်လမ်း ညွှန်မှုဖြင့် စားသုံးသူများ ဈေးနှုန်းသက်သာစွာ
ဝယ်ယူသုံးစွဲနိုင်ရေးအတွက် စားသုံးဆီ တစ်ပိဿာကို (၃၉၀၀) ကျပ်ဖြင့်
ရောင်းချပေးနေပါတယ်၊ လက်ရှိမြင်းခြံမြို့အတွင်းမှာ ကိုယ်စားလှယ် (၅) ဦးမှ နေရာ (၅)
နေရာမှာ ရောင်းချပေးလျက်ရှိပြီး နွားထိုးကြီးမြို့မှာလည်း ကိုယ်စားလှယ် (၁) ဦးမှ
ရောင်းချ ပေးနေပါတယ်။ မြင်းခြံခရိုင်အတွင်းရှိ စားသုံးသူများထံသို့ သတ်မှတ်ထားသော
ဈေးနှုန်းအတိုင်း ရောင်းချပေးလိုတဲ့ ကိုယ်စားလှယ်များအနေနဲ့ မြင်းခြံခရိုင်
ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်း ရှင်များ အသင်းရုံးသို့ ချိတ်ဆက်ဆောင်ရွက်နိုင်ပါတယ်"လို့
မြင်းခြံခရိုင် ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌက
ပြောသည်။
မြင်းခြံခရိုင်
ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းမှ စားသုံးဆီ
ဈေးနှုန်းချိုသာစွာ မရောင်းချမီအချိန်ကာလတွင် စားသုံးဆီ တစ်ပိဿာလျှင် ကျပ် (၅၅၀၀)
နှုန်းထိ ရှိနေပြီး ယခုလျှင် စားသုံးဆီ တစ်ပိဿာလျှင် ကျပ် (၃၀၀၀) ဖြင့်
ဈေးနှုန်းချိုသာစွာ ရောင်းချပေးနေ လျက်ရှိပြီး ဝယ်ယူသူတစ်ဦးလျှင် စားသုံးဆီ
အနည်းဆုံး (၂၅) ကျပ်သားမှ အများဆုံး (၅) ပိဿာ အထိ ရောင်းချပေးလျက်ရှိသည်။
"ယခုလို
စားသုံးဆီ တစ်ပိဿာကို (၃၉၀၀) ကျပ်နဲ့ ရောင်းချပေးတော့ အများကြီးဝမ်း သာရပါတယ်၊
လက်ရှိဈေးကွက်မှာ ဆီတစ်ပိဿာကို (၅၅၀၀) ထိရှိနေတော့ ပြည်သူတွေအနေနဲ့ အခက်အခဲ
အများကြီး ဖြစ်ရပါတယ်၊ စားသုံးဆီကို ဈေးနှုန်းချိုသာစွာ ရောင်းချပေးတဲ့ မြန်မာနိုင်ငံ
ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း (Meoda)အသင်းကိုလည်း
ကျေးဇူးအများကြီး တင်ပါ တယ်" ဟု စားသုံးဆီ လာရောက်ဝယ်ယူ ဦးသန်းစိုးက ပြောသည်။
အဆိုပါ
စားသုံးဆီ ဈေးနှုန်းချိုသာစွာ ရောင်းချနေမှုများကို ခရိုင်စားသုံးသူရေးရာ
ဦးစီးဌာနနှင့် မြင်းခြံခရိုင် ကုန်သည်များနှင့် စက်မှုလက်မှု
လုပ်ငန်းရှင်များအသင်းတို့မှ ကြီးကြပ်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)


No comments:
Post a Comment