ငပုတော အောက်တိုဘာ ၄
ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်ရေးနေ့အထိမ်းအမှတ်အဖြစ် ငပုတောမြို့၊ မွေးမြူရေးနှင့် ကုသရေးဦးစီး ဌာနက စက်တင်ဘာလ (၂၇)ရက်နေ့မှ (၂၉)ရက်နေ့အထိ နံနက်(၁၀) နာရီအချိန်မှ ညနေ(၄)နာရီအချိန် ထိ ခွေး(၅၆) ကောင်နှင့် ကြောင်(၄)ကောင် စုစုပေါင်း(၆၀) ကောင်အား အခမဲ့ထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါ ခွေးရူးရောဂါကာကွယ်ဆေးထိုးနှံခြင်းကို မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦး စီးမှူး ဒေါက်တာအိုက်ကျော်ကျော်နှင့်ဝန်ထမ်းများက ခွေးရူးရောဂါသည် ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်သော အသက်ဆုံးရှုံးစေသည့် ရောဂါဖြစ်သောကြောင့် မိမိမွေးမြူထား သောခွေးများကို ခွေးရူးရောဂါ ကာကွယ်ဆေး ကြိုတင်ထိုးနှံခြင်းဖြင့် ခွေးရူးရောဂါကူးစက်ခြင်းမှကာကွယ်နိုင်ရန် ငပုတောမြို့အတွင်း ရှိမွေးမြူထားသောခွေးများနှင့် ကြောင်များအား ခွေးရူး ရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးခြင်းဖြစ် ကြောင်းသိရသည်။
နှင်းယုမော်

No comments:
Post a Comment