Monday, October 4, 2021

ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ Agro Economic Zone နှင့်အောင်ပန်းလက်ကားစျေးသစ် စီမံကိန်းနှင့် ပတ်သက်၍ လာရောက်ရှင်းလင်း

 

 


တောင်ကြီး အောက်တိုဘာ ၄

Agro Economic Zone နှင့် အောင်ပန်းလက်ကားစျေးသစ် စီမံကိန်းတို့နှင့်ပတ်သက်၍ ယနေ့ နံနက်(၁၀)နာရီခွဲက ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ လာရောက် ရှင်းလင်းကြောင်းသိရသည်။

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်  ဒေါက်တာကျော်ထွန်းက နိုင်ငံတော်ဝန်ကြီးချုပ် ခရီးစဥ်၌ ရှမ်းပြည်နယ်ဒေသကို စိုက်ပျိုးရေးကဏ္ဍတွင်  ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန် လမ်းညွှန်မှာကြားချက်နှင့်အညီ  ယခုလို မြန်မာသီလဝါအစ်(စီ)အီးဇက်ဟိုးဒင်း အများနှင့်သက်ဆိုင်သောကုမ္မဏီမှ Agro Economic Zoneနှင့် အောင်ပန်း လက်ကားစျေးသစ် စီမံကိန်းတို့နှင့်ပတ်သက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ လာရောက်ရှင်းလင်းတင်ပြပြီး ရှမ်းပြည်နယ်၏ ဒေသဖွံဖြိုးရေးကို ဆောင်ရွက်ပေးသည့်အတွက် ကျေးဇူးတင်ရှိကြောင်း၊ ကြိုဆိုပါကြောင်းနှင့် လိုအပ်သည်များ ရှိပါက ပူးပေါင်းဆောက်ရွက်ပေးကြရန် ပြောကြားသည်။

 

ဆက်လက်၍ Agro Economic Zone ကို မြန်မာသီလဝါအစ်(စီ)အီးဇက်ဟိုးဒင်း အများနှင့်သက်ဆိုင်သော ကုမ္မဏီ လီမိတက် ဥက္ကဋ္ဌ ဦးဝင်းအောင်မှ ရှင်းလင်းတင်ပြ၍ အောင်ပန်းလက်ကားစျေးသစ် စီမံကိန်းကို  ဒါရိုက်တာ ဦးသူရိန်အောင်မှ ရှင်းလင်းတင်ပြပြီး တက်ရောက်လာသည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများမှ လုပ်ငန်းကဏ္ဍအသီးသီး အလိုက် ဆွေးနွေးတင်ပြကြကြောင်းနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ် စီးပွားရေးရာဝန်ကြီးနှင့် တောင်ကြီးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌတို့မှ လုပ်ငန်းစီမံကိန်းနှင့်ပတ်သက်၍ ဖြည့်စွက် ရှင်းလင်း ဆွေးနွေး ကြသည်။

 

ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ရင်းနှီးမြှပ်နှံမှုပမာဏများသောကြောင့် ရှမ်းပြည်နယ်သည် ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ ဆောင်ရွက်ရမည့်လုပ်ငန်းများကို ကဏ္ဍအလိုက် အမြန်ဆုံး ဆောင်ရွက်ရန် လိုအပ်မည် ဖြစ်ကြောင်း နိဂုံးချုပ်စကား၌ ပြောကြားကြောင်း သိရှိရသည်။

 

မောင်မောင်သန်း(တောင်ကြီး)

No comments:

Post a Comment