Sunday, October 17, 2021

ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှု လုံးဝစိတ်ချရသည့်အခြေအနေရောက်ရေး



ကိုဗစ်-၁၉ ရောဂါကြောင့် နေ့စဉ် ပျမ်းမျှသေဆုံးသည့်နှုန်းတွင် မြန်မာနိုင်ငံသည် ကမ္ဘာတစ်ဝန်းလုံး ပျမ်းမျှနှုန်း နှင့် အမေရိကန်၊ မလေးရှား၊ ယူကေ၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံတို့၏ ပျမ်းမျှနှုန်းများအောက် နည်းပါးလျက်ရှိသည်။ ကမ္ဘာတစ်ဝန်းလုံး လူဦးရေ တစ်သန်းတွင် ၀ ဒသမ၈၆ ဦး ကိုဗစ်-၁၉ ရောဂါကြောင့် နေ့စဉ် ပျမ်းမျှသေဆုံး လျက်ရှိရာ မြန်မာနိုင်ငံအနေဖြင့် ၀ ဒသမ ၅၈ ဦးသာရှိသည်။ အမေရိကန်ပြည်ထောင်စုတွင်မူ လူတစ်သန်း တွင် ကိုဗစ်-၁၉ ကြောင့် ၄ ဒသမ ၇၅ ဦး နေ့စဉ် ပျမ်းမျှသေဆုံး နေသည်။
ကျန်းမာရေးဝန်ကြီးဌာန၏ အောက်တိုဘာလ ၁၆ ရက်နေ့ ည ၈ နာရီအချိန် ထုတ်ပြန်ချက်အရ ရောဂါ ပိုးတွေ့ရှိမှု ရာခိုင်နှုန်း ၆ ဒသမ ၈ ရာခိုင်နှုန်းဖြစ်ရာ ပြီးခဲ့သည့်ရက်အနည်းငယ်နှင့် နှိုင်းယှဉ် ပါက ကျရိပ်ကို စတင်မြင်တွေ့လာရသည့် လက္ခဏာပင် ဖြစ်သည်။ သို့ရာတွင် ရည်မှန်းချက် အနေဖြင့် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းသည် တစ်နိုင်ငံလုံးတွင် ၅ ရာခိုင်နှုန်းအောက်သို့ ကျဆင်း သွားရန်လိုအပ်သလို လက်ရှိအခြေအနေ တွင် ရောဂါပိုး တွေ့ရှိမှု များပြားနေဆဲဖြစ်သည့် တိုင်းဒေ သကြီးနှင့် ပြည်နယ် အချို့ တွင်ပါ ရောဂါပိုးတွေ့ရှိမှု လျော့နည်းကျဆင်းသွားရန် လိုအပ်သည်။ သို့ဖြစ်ရာ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးသည် လုံးဝစိတ်ချရသည့် အခြေအနေ သို့ရောက်ရှိရန် နိုင်ငံတစ်ဝန်းလုံးတွင် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွား ကြရဦးမည့် အခြေ အနေပင် ဖြစ်သည်။
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ စဉ်ဆက်မပြတ်ရောက်ရှိလာမှုနှင့်အတူ အအေးလမ်း ကြောင်း မပျက် ဒေသအသီးသီးသို့ ဖြန့်ခွဲပေးပို့ခြင်း၊ ဦးတည်အုပ်စုများ အလိုက် ထိုးနှံပေးခြင်းနှင့် ပြည်သူလူထု အတွင်း၌လည်း ကိုဗစ်၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုကို ကျန်းမာရေးအသိတရား အပြည့်ဖြင့် ယုံကြည် စိတ်ချစွာ ထိုးနှံလာခြင်းတို့ကြောင့် နိုင်ငံ အတွင်း ကာကွယ်ဆေးလွှမ်းခြုံမှုမှာ နေ့စဉ်နှင့်အမျှ မြင့်တက်လာ လျက်ရှိသည်။ သို့ရာတွင် သတိပြုရမည့် အချက်မှာ ကိုဗစ်-၁၉ ကူးစက်မြန် ကပ်ရောဂါ၏သဘာဝနှင့် မျိုးဗီဇပြောင်းလဲသွားသည့် ဗိုင်းရပ်စ် ပိုးသစ်များကြောင့် ကာကွယ်ဆေး နှစ်ကြိမ်အပြည့်အဝ ထိုးနှံပြီးသူများ ရော ပထမတစ်ကြိမ် ထိုးနှံပြီးသူများပါ ကိုဗစ်-၁၉ရောဂါကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများ ကို ဆက်လက် လိုက်နာ ကျင့်သုံးသွားကြရန်ပင် ဖြစ်သည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံထားခြင်းဖြင့် ရောဂါ ကူးစက်မှုကိုလည်းကောင်း၊ ကူးစက်ခံ ရပါကလည်း ဝေဒနာ ပြင်းထန်မှုကိုလည်းကောင်း လျှော့ချပေးနိုင်သော်လည်း ရာခိုင်နှုန်းပြည့် ကာကွယ်မပေးထား နိုင်သည် ကို သတိပြုကြရ မည်ဖြစ်သည်။ ကာကွယ်ဆေးထိုးထားခြင်းဖြင့် ကိုဗစ်-၁၉ရောဂါကြောင့် ဆေးရုံတက်ရောက် ရမှု၊ သေဆုံးရမှုတို့ လျော့ကျ သွားစေမည်ဖြစ် သည့်တိုင် လုံးဝမကူးစက်နိုင်ခြင်းမဟုတ်။ ဤသို့ဆိုခြင်းအားဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံခြင်းသည် အကျိုးမရှိဟု ဆိုလိုခြင်းမဟုတ်သည်ကိုလည်း နားလည်မှုရှိကြရ မည်ဖြစ်သည်။
မိမိတို့နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုသည် လုံးဝစိတ်ချရသည့်အခြေအနေသို့ မရောက် သေးသည့် အတွက် ကာကွယ်ဆေးမထိုးရသေးသူများရော ထိုးနှံပြီးသူများပါ ကပ်ရောဂါ ကာကွယ်ရေး အခြေခံစည်းမျဉ်း ကလေးများဖြစ်သည့် တတ်နိုင်သမျှ အိမ်မှာနေ၊ အပြင်ထွက်ရပါက ပါးစပ်နှာခေါင်းစည်း တပ်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေ၊ လက်ကို မကြာမကြာ ဆေးကြောခြင်း တို့ကို အလေ့အကျင့်ကောင်းများအဖြစ် စွဲမြဲစွာ ကျင့်သုံးကြ ရေး အတွက် နိုးဆော်တိုက်တွန်းအပ်ပါ
ကြောင်း။ ။

မြန်မာ့အလင်းအယ်ဒီတာ့အာဘော်

No comments:

Post a Comment