ရန်ကုန် အောက်တိုဘာ ၁၆
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကြောင့် ယာယီရပ်နားထားခဲ့ရသည့်
ရန်ကုန်ကော့သောင်း၊ ရန်ကုန်-ကလေး လေကြောင်းခရီးစဉ်များကို ကျန်းမာရေး
ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ယနေ့(အောက်တိုဘာ ၁၆ ရက်) တွင်
စတင်ပြေးဆွဲပေးနေပြီဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန
မြန်မာအမျိုးသား လေကြောင်းလိုင်းမှ သိရသည်။
“ကိုဗစ်-၁၉ ရောဂါဒယ်လ်တာမျိုးကွဲ ပျံ့နှံ့မှုကြောင့် ထိုင်း၊ အိန္ဒိယနယ်စပ်ဖြစ်တဲ့ ကော့သောင်းနဲ့ ကလေးမြို့ တွေဆီ လေကြောင်းခရီးစဉ်သွားလာမှုကို ယခုနှစ် ယာယီပိတ်ပင်ခဲ့တာကနေ ကျန်းမာရေးဝန်ကြီးဌာနက ပြန်လည်ခွင့်ပြုလို့ ဒေသခံပြည်သူတွေ သွားလာမှုအဆင်ပြေ စေဖို့ အခုလို ပြန်လည် ပြေးဆွဲတာဖြစ်ပါတယ်။ ခရီးစဉ်ဈေးနှုန်းတွေကိုလည်း ယခင်သတ်မှတ် နှုန်းထား များအတိုင်း ပြေးဆွဲပေးနေပြီး ခရီးသွားမိဘ ပြည်သူများအနေနဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ လမ်းညွှန်ချက်၊ စည်းကမ်းများနဲ့အညီ လိုက်ပါ စီးနင်းနိုင်ပါတယ်ဟု မြန်မာအမျိုးသားလေကြောင်းမှ အမှုဆောင်အရာရှိချုပ် ကပ္ပတိန်ခုပ်ခန့်မုံက ပြောကြားသည်။ ။
အဆိုပါ ကော့သောင်းနှင့် ကလေးမြို့ လေယာဉ်ခရီးစဉ် များကို Embraer 190၊ ATR 72-600 လေယာဉ်များဖြင့် ပြေးဆွဲ ပေးနေခြင်းဖြစ်ပြီး လိုက်ပါ လိုသူများအနေဖြင့် လေယာဉ် မထွက်ခွာမီ ၃၆ နာရီအတွင်း ကျန်းမာရေးဝန်ကြီးဌာနကသတ်မှတ်ထားသည့်နေရာများတွင် RT-PCR သို့မဟုတ် RDT Test Kit ဖြင့် စစ်ဆေးထားသည့် ကိုဗစ်-၁၉ ရောဂါကင်းစင်ကြောင်း ထောက်ခံစာ ပါရှိရမည်ဖြစ်ပြီး ကျန်းမာရေးဝန်ကြီး ဌာနနှင့် လေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတို့၏ လမ်းညွှန်ချက်များအရခရီးသည်များအနေဖြင့် မျက်နှာ အကာနှင့် နှာခေါင်းစည်းများ ဝတ်ဆင်ပြီးမှ သာ လေကြောင်းခရီးစဉ်တွင် လိုက်ပါစီးနင်း နိုင်မည် ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံသားများအနေဖြင့် လေယာဉ်လက်မှတ်များကို www.flymna.com oze
Credit Cardi Debit Cardi MPU Card နှင့် 123 Service (Over the counter
Mobile Banking i-Banking Wallet) တို့ အသုံးပြု၍ မြန်မာကျပ်ငွေဖြင့် ဝယ်ယူ
နိုင်ကြောင်း၊ လက်မှတ်ခများအနေဖြင့် ရန်ကုန်-ကလေး ကျပ် ၁၀၈၀၀၀၊
ကလေး-ရန်ကုန် ကျပ် ၁၁၃၀၀၀၊ ရန်ကုန်ကော့သောင်း ကျပ် ၉၃၀၀၀၊
ကော့သောင်း-ရန်ကုန် ကျပ် ၉၁၀၀၀ ဖြစ်ပြီး MNA Call Center ဖုန်း +951
378603-04၊06-07-08 ၊+951 377840-41-42 တို့သို့ ဆက်သွယ်၍
လက်မှတ် ဝယ်ယူမှုနှင့် ခရီးစဉ်အသေးစိတ် အချက်အလက်များကို မေးမြန်း
စုံစမ်းနိုင်ကြောင်း မြန်မာအမျိုးသား လေကြောင်း လိုင်းမှ သိရသည်။
သတင်း-လင်းရာမ၊ ဓာတ်ပုံ-ကိုထက်
No comments:
Post a Comment