မော်လမြိုင် အောက်တိုဘာ ၃
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိ သူများနှင့်အတူ အောက်တိုဘာ ၁ ရက် မွန်းလွဲပိုင်းက ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်သို့ ဖူးမြှော်ကြည်ညိုကန်တော့၍ ရေချမ်း၊ ဆီမီး၊ ရွှေသင်္ကန်းများ ကပ်လှူပူဇော်ပြီး အလှူငွေများ ပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့မှဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်သည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည်
ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်ဂေါပက အဖွဲ့ရုံး (ကင်းမွန်းစခန်း)၌ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော် (သီတင်းကျွတ် လပြည့်)
ဗုဒ္ဓပူဇနိယပွဲတော်ရာသီ ဖွင့်လှစ်နိုင်ရေးအတွက်
ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေးသတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဘုရားဖူးပြည်သူများ
စိတ်အေးချမ်းသာစွာဖူး မြှော်နိုင်ရေး၊ ရင်ပြင်တော်နှင့် တောင်တက်ဝန်းကျင်
သန့်ရှင်းသပ်ရပ် စိမ်းလန်းစိုပြေစေရေး၊ စျေးဆိုင်တန်းနှင့် စားသောက်ဆိုင်တန်းများစနစ်တကျဖြစ်စေရေး
မှာကြားရာပြည်နယ်ဝန်ကြီး များက အကြံပြုဆွေးနွေးတင်ပြကြပြီး လိုအပ်သည်များ
ပေါင်းစပ်ညှိနှိုင်းပေးသည်။
ထို့နောက်
ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကင်းမွန်းစခန်းကျေးရွာ
တောင်တက် မော်တော်ယာဉ် လုပ်ငန်းထိန်းသိမ်းကြီးကြပ်ရေးကော်မတီရုံးတွင်
မော်တော်ယာဉ်အသင်းအဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ ဘုရားဖူးရာသီတွင် ခရီးသွားပြည်သူများ စိတ်ချမ်းမြေ့စွာ ဖူးမြှော်နိုင်ရေးအတွက်
ပို့ဆောင်ပေးရာ၌ ပြောဆိုဆက်ဆံရာတွင် ယဉ်ကျေးသိမ်မွေ့စွာ ဆက်ဆံရေး၊တောင်တက်မော်တော်ယာဉ်များမှ
ချမှတ်ထားသည့်စည်းကမ်းညွှန်ကြားချက်များ တိကျစွာလိုက်နာဆောင်ရွက်ရေး၊
ဘေးအန္တရာယ် ကင်းရှင်းရေးတို့အတွက် မော်တော်ယာဉ်များ ကြံ့ခိုင်မှုကောင်းမွန်စေရန်စနစ်တကျ
ဆောင်ရွက်ရေး၊ တောင်တက် လမ်းတလျှောက်
လမ်းဘေးဝဲယာခြုံနွယ်များ
ရှင်းလင်းဆောင်ရွက်ကြရန် မှာကြား ကာသက်ဆိုင်ရာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း
သိရသည်။
ဇာဖြူဝင်း


No comments:
Post a Comment