Sunday, October 3, 2021

ပန်းတနော်မြို့နယ်တွင် ဧရာဝတီမြစ်ရေပြန်ကျပြီး မြစ်ကမ်းပါးပြိုကျမှုကြောင့် နေအိမ် (၅) လုံးကြိုတင် ပြောင်းရွှေ့ခဲ့ရ

 


ပန်းတနော် အောက်တိုဘာ ၃

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ဧရာဝတီမြစ်ရေပြန်ကျပြီး မြစ်ကမ်းပါး ပြိုကျမှုကြောင့် မြစ်ကမ်းနှင့်နီးသော လူနေဝါးအိမ်( ၅)လုံး ယမန်နေ့ နံနက်ပိုင်းက ကမ်းလွတ်ရာသို့ ကြိုတင်ပြောင်းရွှေ့ ခဲ့ရကြောင်း သိရသည်။

မြစ်ကမ်းပါးပြိုကျမှုကြောင့် မြစ်ကမ်းနှင့်နီးသည့် တောကျောင်းကျေးရွာအုပ်စု နံဂါတ်ကျေးရွာရှိ လူနေဝါးအိမ်(၃) လုံး၊ အိမ်ထောင်စု ( ၃)စု၊ လူဦးရေ ( ၁၃)ဦး၊ ကျောင်းတော်ကလေးကျေးရွာရှိ လူနေဝါးအိမ်( ၂)လုံး၊ အိမ်ထောင်စု (၂)စု၊လူဦးရေ( ၈)ဦးတို့အား နယ်မြေခံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ရွာသားများက နီးစပ်ရာ​ရွှေမျိုးသားချင်းများ၏ နေအိမ်များတွင် လည်းကောင်း၊ကမ်းလွတ်ရာ မြေကွက်လပ်များပေါ်တွင် လည်းကောင်း ကြိုတင်ပြောင်းရွှေ့ပေးခဲ့ပြီး နေအိမ်များပြန်လည်ဆောက်လုပ် နေထိုင်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ကြိုတင်ပြောင်းရွှေ့ခဲ့ရသည့် နေအိမ်များအတွက် ပြောင်းရွှေ့စရိတ် ဝါးအိမ်(၁)လုံးလျှင် ငွေကျပ် ၄၀၀၀၀ နှုန်းဖြင့် ဝါးအိမ်(၅)လုံး စုစုပေါင်းငွေကျပ် ၂၀၀၀၀၀ ကုန်ကျခဲ့ကြောင်း သိရသည်။

No comments:

Post a Comment