Wednesday, October 6, 2021

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆေးနှင့်ဆေးပစ္စည်းများ၊ အသား၊ ငါးများနှင့် စားသောက်ကုန်များအား ဈေးနှုန်းမှန်ကန်စွာဖြင့် လက်လီလက်ကားရောင်းချပေးသည့် အစီအစဉ် တိုးချဲ့ ဆောင်ရွက်ပေးလျက်ရှိ

နေပြည်တော် အောက်တိုဘာ ၅

ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားနေသည့်ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ပြည်သူများ၏ ဆေးဝါးလိုအပ်ချက်အား ဖြည့်ဆည်းပေးနိုင်ရေး၊ ဆေးဝါးများ လွယ်လင့်တကူ ဝယ်ယူ နိုင်ရေး အရည်အသွေးနှင့် ဈေးနှုန်းမှန်ကန်စွာ ရရှိစေရေးအတွက် ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်း လုပ်ငန်းရှင် များအသင်း၏ စီစဉ်မှုဖြင့် ဒုတိယ နေရာအဖြစ် ပန်းဘဲတန်းမြို့နယ်၊ ကုန်သည်လမ်းနှင့် ဗိုလ်ဆွန်ပက်လမ်းထောင့်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာကုန် သွယ်မှုဗဟိုဌာန အဆောက်အအုံ၌ အိမ်သုံးဆေးဝါးများ လက်လီလက်ကား ဖြန့်ဖြူး ရောင်းချခြင်းအစီအစဉ်ကို ယနေ့တွင် ဆောင်ရွက်ခဲ့ရာ ဆေးနှင့် ဆေးပစ္စည်း ဖြန့်ဖြူးရောင်းချသော ကုမ္ပဏီ ၈ ခုမှ အိမ်သုံးဆေးဝါး ၁၀၉ မျိုးအား ရောင်းချပေးခဲ့သည်။

အလားတူ ပထမအစီအစဉ်အဖြစ် ဖွင့်လှစ်ရောင်းချပေးလျက်ရှိသည့် အလုံမြို့နယ်၊ ကမ်းနား လမ်း၊ လွတ်လပ်ရေးရပ်ကွက်၊ မှတ်(၁၀၄/၁၀၈)နေရာ၌လည်း ၃၇ ရက်နေ့အဖြစ် ဆက်လက် ရောင်းချပေး လျက်ရှိပြီး ယနေ့တွင် ဆေးနှင့်ဆေးပစ္စည်းများ ရောင်းချပေးနိုင်ခဲ့သည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့်  ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် အချို့တွင်လည်း ရွေ့လျားဈေးကားဖြင့် အသား၊ ငါးများနှင့် စားသောက်ကုန်များကို ရောင်းချပေး ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment