Wednesday, October 6, 2021

မန္တလေးတိုင်းဒေသကြီးအတွင်း လက်နက်/ခဲယမ်းများနှင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့သည့် ဖြစ်စဉ်များတွင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသူများအား ဂုဏ်ပြုချီးမြှင့်

နေပြည်တော် အောက်တိုဘာ ၅

မန္တလေးတိုင်းဒေသကြီးအတွင်း လက်နက်/ခဲယမ်းများနှင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့သည့် ဖြစ်စဉ်များတွင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့် ခြင်းကို ယနေ့နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ ရန်အောင်မြင်ခန်းမ၌ ပြုလုပ်ရာ မန္တလေး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကို၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားသည်။ ထို့နောက် ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က စက်တင်ဘာလအတွင်း မူးယစ်ဆေးဝါးများနှင့် အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက် ရန် ရည်ရွယ်ချက်ဖြင့် သိမ်းဆည်းထားသည့် လက်နက်/ခဲယမ်းများနှင့် ဆက်စပ် ပစ္စည်းများအား ပူးပေါင်းပါဝင် ဖော်ထုတ်ဖမ်းဆီးရာ၌ စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။

ယင်းနောက် ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က လုံခြုံရေးတပ်ဖွဲ့ဝင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်စကား ပြောကြားပြီး ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည့် လက်နက်/ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများအား ကြည့်ရှု ခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment