Sunday, October 17, 2021

တောင်သူများ၏ လိုအပ်ချက်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး စားဖိုဆောင် သီးနှံမျိုးစေ့ များ ထောက်ပံ့ခြင်းနှင့် ဓါတ်ကျိုက်ဂူငါးဘေးမဲ့ဇုန်အတွင်း ငါးမျိုးစိုက်ထည့်


 ဘားအံ အောက်တိုဘာ ၁၇

ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ပြည်နယ်တရားလွှတ်တော် တရားသူကြီး ချုပ်ဦးသိန်းကိုကိုနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများလိုက်ပါလျပ် ယမန်နေ့ နံနက်ပိုင်းက ဘားအံမြို့နယ်၊ ကျောက်တစ်လုံး (ဝင်းဒရယ်)ကျေးရွာအုပ်စုရှိ တောင်သူများ၏ လိုအပ် ချက်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး စားဖိုဆောင်သီးနှံမျိုးစေ့များ ထောက်ပံ့ပေး အပ်ခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောက်တစ်လုံး (ဝင်းဒရယ်) ကျေးရွာအုပ်စု တောင်သူ ဦးကျော်လိုင် ပါ(၂) ဦး၏ မိုးစပါး (ဆင်းသုခ) RS to CS မျိုးစေ့ထုတ်စိုက်ခင်း ၅ ဧက၌ တောင်သူများနှင့် တွေ့ဆုံခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က စိုက်ပျိုးမွေးမြူရေးနှင့် ပတ်သက်၍ တောင်သူများ ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများ၊ လိုအပ်ချက်များကို မေးမြန်းဆွေးနွေးရာ တက်ရောက်လာသည့်တောင်သူများက ပြန်လည်ဆွေးနွေးတင်ပြခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်သူများအား စားဖိုဆောင်သီးနှံမျိုးစေ့များ ထောက်ပံ့ပေး အပ်ကြပြီး မျိုးစေ့ထုတ်စိုက်ခင်း (၅)ဧက၌ မျိုးကွဲနှုတ်ပယ်ခြင်းအား ကြည့်ရှုအားပေး ကာ စိုက်ပျိုးရေး ဦးစီးဌာနနှင့် ပြည်သူ့ဓနကုမ္ပဏီလီမိတက်တို့ ပူးပေါင်းဆောင်ရွက်သည့် ဂျပ်(စ်)ဆမ် သဘာဝကျောက်မှုန့် မြေဩဇာစမ်းသပ်ကွက် အောင်မြင်ဖြစ်ထွန်းနေမှုအား ကြည့်ရှုအားပေးခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် ကျောက်တစ်လုံး (ဝင်းဒရယ်) ကျေးရွာအုပ်စု၌ တပ်မတော်၊ ရဲတပ်ဖွဲ့ တို့နှင့် ပူးပေါင်း၍ လုံခြုံရေးတာဝန်များ ထမ်းဆောင်လျက်ရှိသော နယ်မြေခံ ပြည်သူ့စစ်တပ်ဖွဲ့ အား ဂုဏ်ပြုချီးမြှင့်ငွေ ကျပ် (၃) သိန်းကို ထောက်ပံ့ပေးအပ်ခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဓါတ်ကျိုက်လိုဏ်ဂူဆရာတော်အား ဖူးမျှော်ကြည်ညို ၍ ငါးပါးသီလ ခံယူဆောက်တည်ကြကာ ဆန်၊ ဆီ အစရှိသော လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မ အလှူတော် ငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကျောက်တစ်လုံး (ဝင်းဒရယ်) ကျေးရွာအုပ်စု ဓါတ်ကျိုက်ဂူ ငါးဘေးမဲဇုန်အတွင်း ငါးမြစ်ချင်း ငါးသားပေါက်ကောင်ရေ ၂၀၀၀၀ (နှစ်သောင်း) ကို ငါးမျိုး စိုက်ထည့်ပေး ခဲ့ကြပြီး ဓါတ်ကျိုက်ဂူငါးဘေးမဲဇုန်အတွင်း ငါးစာများ ကြွေးခဲ့ကြသည်။

ယင်းနောက် ပျဉ်းကတိုးကုန်းကျေးရွာ၊ ရွာလယ်ဓမ္မာရုံ၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ဘားအံမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြား များ နေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက်ပေးနေမှုကို သွားရောက်ကြည့်ရှု အားပေးခဲ့ကြပြီး နော်ဖါးတို၊ နော်ရကုန်း၊ ပျဉ်းကတိုး ကုန်းကျေးရွာများမှ ဒေသခံပြည်သူများအား အိမ်ထောင်စု လူဦးရေစာရင်း ၇ စောင်နှင့် ပလပ်စတစ်လောင်းပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား ၅၆ ကတ်ကို လက်ဝယ်အရောက် ပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နော်ဖါးတိုကျေးရွာ၊ ရွာလယ်ဓမ္မာရုံ၌ နော်ဖားတို ရွာမြစိမ်းရောင် ကျေးရွာစီမံကိန်း ကျေးရွာကော်မတီဝင် အသင်းသူ/သားများနှင့် တွေ့ဆုံရာ ပြည်နယ် ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးရန်နိုင်မျိုးက စီမံကိန်းအကြောင်း ရှင်းလင်းပြောကြားကာ ကျေားရွာကော်မတီဝင် များနှင့် ကျေးရွာသူ/ သားများက စီမံကိန်းနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြကြခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောက်တစ်လုံးကျောင်းကြီးဆရာတော် ဘဒ္ဒန္တမာဂိဒ္ဒအား သွားရောက်ဖူးမျှော်ကြည်ညို၍ ဆွမ်းဆန်တော်၊ ဆီအစရှိသော လှူဖွယ်ဝတ္ထုပစ္စည်း များနှင့် နဝကမ္ မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း

No comments:

Post a Comment