နမ့်ဆန်မြို့ အောက်တိုဘာ ၃
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့၊ ပြည်သူ့ဆေးရုံတွင် ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မတည်ကာ ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအတွင်းမှ အလှူရှင်များနှင့် ရပ်နီးရပ်ဝေးမှ အလှူရှင်များ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့တို့၏ ကူညီလှူဒါန်းမှုဖြင့် တည်ဆောက်သော အောက်ဆီဂျင်ထုတ်စက်ရုံကို ယမန်နေ့ နံနက်ပိုင်းအချိန်က ဖွင့်လှစ်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ တာသိန်းဇော်၊ ပြည်နယ်ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေး
ဦးစီးဌာနမှူး ဒေါက်တာ ရဲအောင်ထွန်း၊ ရှေ့တန်းအမှတ် ၁၀၁ ခေတ္တ တပ်မမှူး ဗိုလ်မှူးကြီးမင်းမောင်၊
အောက်ဆီဂျင် စက်ရုံထိန်းသိမ်းကြီးကြပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်ဆန်းဒီး၊ အလှူရှင်များ
ကိုယ်စား ဦးဖိုးညွန့်တို့မှ အောက်ဆီဂျင် စက်ရုံအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး
ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည် ပက်ဖျန်းခြင်း၊ အောက်ဆီဂျင် စက်ရုံအတွက် အလှူရှင်များအား
ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။
ထို့နောက် အောက်ဆီဂျင် စက်ရုံအတွက် ကောက်ခံရရှိသည့်
အလှူငွေ ရ/သုံး စာရင်းရှင်းတမ်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းသန်းထိုက်မှ
ရှင်းလင်း တင်ပြခဲ့ပြီး အောက်ဆီဂျင်စက်ရုံအား အောက်ဆီဂျင်ထုတ်စက်ရုံ ထိန်းသိမ်းကြီးကြပ်ရေး
ကော်မတီထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။
အဆိုပါအောက်ဆီဂျင်စက်ရုံမှ တစ်ရက်လျှင်
(၄၀)လီအိုးဆန့် (၄၀)လုံး ထုတ်လုပ်နိုင်မည် ဖြစ်ပြီး ပလောက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
အတွင်းရှိ နမ့်ဆန်မြို့နှင့် မန်တုံမြို့တို့အတွက် လုံလောက်မှုရှိကြောင်းနှင့် အခြားလိုအပ်သည့်
နေရာများသို့လည်း လှူဒါန်းပေးသွားမည် ဖြစ်ကြောင်း အောက်ဆီဂျင်ထုတ်စက်ရုံ ထိန်းသိမ်းကြီးကြပ်ရေး
ကော်မတီထံမှ သိရသည်။
နန်းဆိုင်(ပလောင်ဒေသ)

No comments:
Post a Comment