ကျောက်ဖြူ အောက်တိုဘာ ၃
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကူးစက်မှုမှ ကာကွယ်ထိန်း ချုပ်နိုင်ရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့ နံနက် ၉ နာရီက မြို့ပေါ်ရပ်ကွက်များရှိ လူသွားလူလာများသည့်နေရာများနှင့် လမ်းဆုံ၊ လမ်းခွနေရာများ သို့သွားရောက်၍ နှာခေါင်းစည်းတပ်ဆင်ရေးလှုပ်ရှားမှု ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့
ကွင်းဆင်းဆောင်ရွက်ရာတွင် ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး
ဌာနမှ ဝန်ထမ်းများက ဈေးဆိုင်အသီးသီးတွင် ဈေးရောင်းချနေကြသူများ၊ ဈေးသွား၊ဈေးပြန်များ၊
လမ်း သွားလမ်းလာပြည်သူများနှင့် အငှားယာဉ်မောင်းနှင်နေသူများကို ကိုယ်အပူချိန်တိုင်းတာ
ပေးခြင်း၊ လက်သန့်ဆေးရည်များဖြင့် လက်ဆေးစေခြင်းများကို ဆောင်ရွက်ပေးပြီး နှာခေါင်းစည်း
(Mask) များအား အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။
ဆက်လက်ပြီး
အဆိုပါဝန်ထမ်းများသည် မြို့ပေါ်ရပ်ကွက်များသို့
အသံချဲ့စက်ဖြင့် လှည့်လည်၍
ပြည်သူများသိရှိလိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များအား အသိပေးနှိုးဆော်ခဲ့ကြောင်း
သိရသည်။
တင်ထွန်းဦး (ပြန်/ဆက်)



No comments:
Post a Comment