Wednesday, October 6, 2021

ပခုက္ကူမြို့၊အောက်ဆီဂျင်စက်ရုံမှ အောက်ဆီဂျင်အရေးပေါ်ပေးသွင်းရန်လိုအပ်သည့် လူနာများအတွက် ပုံမှန်လည်ပတ် ဖြည့်ဆည်းပေးလျက်ရှိ

 


ပခုက္ကူ  အောက်တိုဘာ ၆

 

မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၊ သံဃာ့ဆေးရုံရှေ့တွင် အောက်ဆီဂျင်စက်ရုံ တည်ဆောက်ထားရှိသည့်အောက်ဆီဂျင်စက်ရုံရှိ စက်နှစ်လုံးမှ အရေးပေါ်အောက်ဆီ ဂျင်ပေး သွင်းရန်လိုအပ်သည့် ဆေးရုံတက် ရောက်လူနာများနှင့်ဒေသခံပြည်သူများ၏ အောက်ဆီဂျင်အရေး ပေါ်လိုအပ်မှုများအတွက် ပုံမှန်လည်ပတ်ထုတ်လုပ်ဖြည့်ဆည်း ပေးလျက်ရှိကြောင်းသိရသည်။

 

အဆိုပါအောက်ဆီဂျင်စက်နှစ်လုံးမှ တစ်လုံးမှာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းထောက် ပံ့ခြင်းဖြစ်ပြီး စက်တင်ဘာလ ၁၆ရက်တွင် အောက်ဆီဂျင်စက်နှင့်ဆက်စပ်ပစ္စည်း များရောက်ရှိကြောင်း၊ စက်ရုံအ တွက် လျှပ်စစ်ပိုင်းအနေဖြင့်  200KVA ထရန်စဖော်မာအသုံးပြုထားပြီး တစ်နာရီလျှင် ၄၀ လီတာ ၁၀လုံးခန့်ထွက်ရှိကြောင်း၊ နောက်တစ်လုံးမှာ ကွန်းခိုရာ ဖောင်ဒေးရှင်းမှ လှူဒါန်းခြင်းဖြစ်ပြီး စက်တင်ဘာလ ၃၀ရက်တွင်  အောက်ဆီဂျင်စက်နှင့်ဆက်စပ်ပစ္စည်းများရောက်ရှိကြောင်း၊ တစ်နာရီလျှင် ၄၀ လီတာ ၄လုံးခန့်ထွက်ရှိသည့် Containerized Oxygen Generator System (XTFY-20/93) အောက်ဆီဂျင် စက်အမျိုးအစားဖြစ်ကြောင်း၊စက်ပစ္စည်းများနေရာချထားရေးနှင့်နေ့စဉ်ပုံမှန်လည်ပတ်ထုတ်လုပ်နိုင်ရေးတို့အတွက် အောက်ဆီ ဂျင်စက်ရုံတည်ဆောက်ရေးကော်မတီက ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း ပခုက္ကူမြို့၊ အထွေထွေ ရောဂါကုပြည်သူ့ဆေးရုံ အုပ်ကြီး ဒေါက်တာကျော်နိုင်ဝင်းက ပြောသည်။

 

ပခုက္ကူမြို့၊ အောက်ဆီဂျင်စက်ရုံမှ ဆေးရုံကြီးတွင်တက်ရောက်ဆေးကုသ မှုခံယူကြသည့်လူနာများနှင့်မြို့နယ် အတွင်းရှိ ပြည်သူများ၏ အောက်ဆီဂျင်လိုအပ်ချက်များကို အချိန်မီဖြည့်ဆည်းပေးနိုင်ရေး၊ အောက်ဆီဂျင်များ အလေ အလွင့်မဖြစ်ပွားစေ ရေး၊ စက်နှင့်ဆက်စပ်ပစ္စည်းများထိခိုက် ပျက်စီးဆုံးရှုံးမှုမရှိစေရေးနှင့် စက်ပုံမှန်လည်ပတ် ထုတ်လုပ်နိုင်ရေးတို့အတွက် ပခုက္ကူ ခရိုင်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော် မတီဥက္ကဋ္ဌ ဦးစန်းလှိုင်နှင့်အဖွဲ့ဝင်များက အခါအားလျော်စွာ သွားရောက် ကြည့်ရှုစစ်ဆေး ကြကြောင်း သိရသည်။  

 

ဆလိုင်းကိုကီး(ပြန်/ဆက်)

No comments:

Post a Comment