Friday, September 24, 2021

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း မိုင်းရယ်မြို့နယ်နှင့် တန့်ယန်းမြို့နယ် တို့အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများနှင့် အလှူငွေများ ထောက်ပံ့ပေးအပ်

 


မိုင်းရယ်  စက်တင်ဘာ   ၂၄

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့် တိုင်းမှူးဗိုလ်ချုပ်နိုင်နိုင်ဦးတို့ ဦးဆောင်သော အဖွဲ့သည် ယမန်နေ့ နံနက် ၁၁ နာရီခွဲတွင် မိုင်းရယ်မြို့နယ် ဟိုယကျေးရွာသို့ ရောက်ရှိ၍  ဟိုယ(အထက-ခွဲ) စာသင်ကျောင်း ပြုပြင်ထိန်းသိမ်းရေး ဆောင်ရွက်ထားရှိမှုများ စစ်ဆေးခြင်း၊ နောင်မိုကျေးရွာအုပ်စု ပန်ကိုးကျေးရွာ မိုးစပါး (၁၀) ဧက သိပ္ပံနည်းကျ စိုက်ပျိုးနည်းစနစ်(၁)ဧက တင်း(၁၀၀)စံပြကွက် မြေဩဇာ ကြဲပက်နေမှုတို့ကို ကြည့်ရှု အားပေးခဲ့သည်။

ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မိုင်းရယ်မြို့သို့ ထွက်ခွာပြီး မိုင်းရယ်မြို့ စိမ်းလဲ့ကန်သာ ရေကန် ကန်ရှင်းလင်းနေမှုအား ကြည့်ရှုအားပေးခဲ့သည်။ ယင်းနောက် အ.ထ.က မိုင်းရယ်သို့ ရောက်ရှိကာ ကျောင်းအုပ်ကြီး၊ ကျောင်းအကျိုးတော်ဆောင်များနှင့် တွေ့ဆုံပြီး ကိုဗစ်-၁၉ ရောဂါ တည်ငြိမ်၍ ကျောင်းများ ပြန်လည်ဖွင့်လှစ်ပါက ကျောင်းများ၏ ဥပဓိရုပ် ကောင်းမွန်စေ ရေးအတွက် ကြိုတင်ပြင်ဆင်ထားရနမှာ ကြားခဲ့သည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့် အဖွဲ့သည် နေ့လယ် ၁ နာရီခွဲတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်/ ဒေသ အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိ၊ မြို့ဖများနှင့် တွေ့ဆုံပွဲ ကျင်းပသည်။ 

ထိုသို့ တွေ့ဆုံရာတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် ပတ်သက်၍ ကြိုတင်ပြင်ဆင်ထားရန်၊ ကိုဗစ် ကာကွယ်ဆေးများ လူတိုင်း ထိုးနှံရန်၊ ဆေးနှင့်ဆက်စပ်ပစ္စည်း ဆေးဝါးများ ဈေးနှုန်းအဆမတန် မြင့်တက်မှုမရှိစေရန်၊ မြို့နယ်အလိုက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ် ဆောင်ရွက်ထားရှိရန်၊ စိုက်ပျိုးရေးကို အပြည့်အဝစိုက်ပျိုး၍ စပါးအထွက်နှုန်း တိုးတက်အောင် ဆောင်ရွက်ရန်၊  မြေလွတ်မြေရိုင်းများရှိပါက အခြားနည်းဖြင့် အသုံးပြုရန်၊ ပန်းခင်းစီမံချက်ဖြင့် တိုင်းရင်းသား ပြည်သူများအား နိုင်ငံသား စိစစ်ရေး ကတ်ပြားများ ကိုင်ဆောင်ခွင့်ရရှိရေး ဆောင်ရွက် ပေးရန်နှင့် ကိုဗစ်-၁၉ ရောဂါ တည်ငြိမ်၍ ကျောင်းများပြန်လည်ဖွင့်လှစ်ပါက ကျောင်းထွက် မှုနှုန်း လျော့ကျရေး ဆောင်ရွက်ရန်စသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ လမ်းညွှန်ချက်များအား ရှင်းလင်း ပြောကြားသည်။

ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ်သည် ကိုဗစ်ရောဂါ ကာကွယ်ရေးပစ္စည်းများနှင့် အလှူငွေ ကျပ် (၁၀)သိန်းစီကို မိုင်းရယ်မြို့နယ်နှင့် တန့်ယန်းမြို့နယ်တို့အတွက် အသီးသီး ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သိရသည်။

မြို့နယ် ပြန်/ဆက်







No comments:

Post a Comment