လှိုင်းဘွဲ စက်တင်ဘာ ၅
ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် ပြည်နယ်ဝန်ကြီးများသည် ယနေ့ မွန်းလွဲ(၂)နာရီအချိန်က လှိုင်းဘွဲမြို့မြိုင်ကြီးငူအထူးဒေသနှင့် ရွှေဂွန်းကျေးရွာတို့တွင် ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ရမည့်လုပ်ငန်းနှင့် ရေထိန်းနံရံဆောင်ရွက် ပြီးစီးမှု တို့ကို ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် ပြည်နယ်ဝန်ကြီးများသည် မြိုင်ကြီးငူအထူးဒေသ ပွင့်ဖြူမြိုင် သာသနာ့ဥယျာဉ် ကျောင်းတွင် ဒုတိယမြိုင်ကြီးငူဆရာတော် ဘဒ္ဒန္တဉာဏိကအား ဖူးမြော်ကန်တော့ကာ လှူဖွယ်ပစ္စည်း များကို လှူဒါန်းခဲ့ပြီး မြိုင်ကြီးငူအထူးဒေသ ဖွံ့ဖြိုးရေးအတွက် ဆောက်ရွက်မည့် လမ်းလုပ်ငန်း၊ တည်ဆောက်ရေးလုပ်ငန်းတို့ကို ဆွေးနွေးတင်ပြခဲ့ကာ ဆရာတော်မှ ဆောက်ရွက်သင့်သည့် လုပ်ငန်းများကို ပြန်လည် မိန့်ကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ပြည်နယ်ဝန်ကြီးများသည် ရွှေဂွန်းကျေးရွာတွင် ဆောက်လုပ်ပြီးစီး သော ရွှေဂွန်း ကျေးရွာ၊ ရွာသစ်(၃)ရပ်ကွက်၊ သံလွင်မြစ်ကမ်းပြို ကာကွယ်ရေးလုပ်ငန်း အလျား(၂၅၀)ပေ ဆောင်ရွက်ပြီးစီးမှုအား ကွင်းဆင်းကြည့်ရှုခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
အဆိုပါ သံလွင်မြစ်ကမ်းပြို ကာကွယ်ရေး လုပ်ငန်းကို ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဒေသ(၁၁) ကရင်ပြည်နယ်ရုံးမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ ခွင့်ပြုရန်ပုံငွေ(၃၁၈.၅) သန်းဖြင့် THE IMAGINE PROJECT CONSTRUCTION CO.,L မှ တာဝန်ယူဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)

No comments:
Post a Comment