Sunday, September 5, 2021

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် ပြည်နယ်အစိုးရအဖွဲ့မှ လူမှုရေးပင်စင် ထောက်ပံ့ခြင်း အခမ်းအနားသို့တက်ရောက်






ကမမောင်း၊ စက်တင်ဘာ ၅

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ အရှေ့တောင်တိုင်းစစ်ဌာန ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီးဇော်မင်းအောင်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်းနောင်၊ ပြည်နယ်ရဲတပ်ဖွဲ့ ရဲမှူးကြီးခင်ဇော် (ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး)၊ ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးလွင်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ယမန်နေ့ ၁၁နာရီခွဲအချိန်တွင် ကမမောင်းမြို့အမှတ် (၄) ရပ်ကွက်ရှိ ကိုးနဝင်းဘုန်းတော်ကြီးကျောင်း ဓမ္မာရုံခန်းမ၌  ကျင်းပပြုလုပ်သော လူမှုရေး ပင်စင်ထောက်ပံခြင်း အခမ်းအနားသို့တက်ရောက်၍ ဘိုးဘွားများအား ဂါရဝပြုအမှာစကား ပြောကြားခဲ့ပြီး အသက် (၈၅)နှစ်နှင့် အထက်ဘိုးဘွား(၁၇၁)ဦးအတွက်  ထောက်ပံ့ငွေ (၅၁၃၀၀၀၀)ကျပ်ကို မြို့အုပ်ချုပ် ရေးမှူး ဦးသန်းကျော်သူထံပေးအပ်ခဲ့သည်။

 ထို့နောက် ကိုးနဝင်းဘုန်းတော်ကြီးကျောင်းဆရာတော် ဘဒ္ဒန္တဉူးကုသလအား ဖူးမျှော် ကန်တော့ပြီး လှူဖွယ် ကန်တော့ခြင်းများ၊ ဆန်(၁၀)အိတ်၊ဆီ(၃) ပုံးကို ဆက်ကပ်လှူဒါန်း ခဲ့ပြီး ကိုးနဝင်းဘုန်းတော် ကြီးကျောင်းတွင် ဖွင့်လှစ်သင်ကြားပေးလျှက်ရှိ သော အခြေခံစက်ချုပ် သင်တန်း၊ အခြေခံသူနာပြု နှင့်ရှေးဦးသူနာပြုစုခြင်းသင်တန်းကို ကြည့်ရှုအားပေးခဲ့ပြီးသင်တန်း နည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများအတွက် ထောက်ပံ့ ငွေများပေး အပ်ခဲ့ကြောင်း သိရှိရသည်။

လင်းသန့်

No comments:

Post a Comment