ဘားအံ စက်တင်ဘာ ၁၂
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသိန်းကိုကို၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းက ဘားအံမြို့နယ်၊ မုက္ကဒိကျေးရွာ တော်လှအင်းအတွင်း ငါးမျိုး စိုက်ထည့်ပေးပြီး ပန်းခင်စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပေးအပ်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လှာကာ-ဖားပု-ကျုံပိုက်-ခဲတောက်-မုက္ကဒိ လမ်းပေါ်ရှိ အရှည် ၉၂ ပေ အကျယ် ၁၁ ပေရှိ ကိုယ်ထူကိုယ်ထ
ကွန်ကရစ်တံတားအား ၁၈ ပေအကျယ်သို့ တိုးချဲ့ဆောင်ရွက်နိုင် ရေးကြည့်ရှုစစ်ဆေးရာ
ကရင်ပြည်နယ် ကျေးလက်လမ်း ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနမှူး ဦးအောင်နိုင်ထွန်းနှင့် တာဝန်ရှိသူများက တံတားတိုးချဲ့ တည်ဆောက်နိုင်ရေးဆိုင်ရာများအား ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မုက္ကဒိတောင်ခြေ ကျောင်းဆရာတော် ဘဒ္ဒန္တမာဃိန္ဒနှင့် မန္တလေးကျောင်းဆရာတော် ဘဒ္ဒန္တသောဘိတတို့အား ဖူးမြော်ကြည်ညို၍ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ဝါတွင်းကာလ ဝါဆိုဝါကပ်တော်မူကြသော ဆရာတော်၊ သံဃာတော်များ ဆွမ်း၊ ကွမ်းကိစ္စ ခက်ခဲပင်ပန်းမှုမရှိစေရေး ဆွမ်းဆန်တော်၊ ဆီ၊
လှူဖွယ်ဝတ္တု ခဲဖွယ်ပစ္စည်းများနှင့်
နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဒေသတွင်းငါးစားသုံးမှု
ဖူလုံပိုလျှံစေရေး မုက္ကဒိ-ခဲတောက်-ကျုံပိုက်-အင်းကြီး-အင်းလေး-မိကရင် ကျေးရွာတို့နှင့် ထိစပ်နေသည့် တော်လှအင်း အတွင်း ငါးမျိုးစိုက်ထည့်ပေးခဲ့ရာ နှစ်လက်မအောက်ခံအရွယ်
ငါးခုံးမကြီးကောင်ရေ တစ်သိန်းကို ငါးမျိုးစိုက်ထည့် ပေးခဲ့ကြသည်။
ယခုနှစ်မိုးရာသီအတွင်း ကရင်ပြည်နယ်ငါးလုပ်ငန်း ဦးစီးဌာနအနေဖြင့် ရှင်သန်ပေါက်ပွားရန် အကောင်းဆုံး အရွယ်ဖြစ်သည့် နှစ်လက်မအောက်ခံအရွယ် ငါးသားပေါက်ကောင်ရေ တစ်ဆယ့် နှစ်သိန်းကို ငါးမျိုးစိုက်ထည့်ပေးသွားရန် လျာထားဆောင်ရွက်ခဲ့ပြီး ယခုအခါ တစ်ဆယ့်နှစ်သိန်း သုံးသောင်းငါးထောင်ကျော်ကို ငါးမျိုးစိုက်ထည့်ပေးပြီး ဖြစ်သည့်အတွက် လျာထားချက်ကျော်လွန် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်သူဦးတိုးလှိုင်၏
မိုးစပါးဆင်းသုခ RS-CS မျိုးစေ့ထုတ်စိုက်ခင်း၌ ကျင်းပသည့် မြေဩဇာစုပေါင်းကြဲပက်ပွဲသို့ တက်ရောက်ပြီး တောင်သူများ၏
ယူရီးယားမြေဩဇာနှင့် သဘာဝမြေဩဇာများ ရောနှောကြဲပက်ခြင်းအား ကြည့်ရှု အားပေးခဲ့ကြသည်။
စုပေါင်းမြေဩဇာ ရောနှောကြဲပက်ခြင်းအားဖြင့် လေလွင့်ဆုံးရှုံးမှုနည်းပြီး ထည့်သွင်းလိုက်သည့် မြေဩဇာများကို အပင်မှအပြည့်အဝရရှိနိုင်မည်ဖြစ်ပြီး
အချိန်တိုတိုအတွင်း လုပ်ငန်းပြီးစီး၍ တောင်သူအချင်းချင်း စိုက်နည်းပညာများ နှီးနှောဖလှယ်နိုင်ကာ စိုက်ပျိုးထုတ်လုပ်မှုများ ပိုမိုတိုးတက် လာနိုင်မည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ ကျင်းပသည့် ရေဘေးသင့် ဒေသများသို့ တိရိစ္ဆာန်အစာများ ထောက်ပံ့ပေးအပ်သည့် အခမ်းအနားသို့
တက်ရောက် အမှာစကား ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်၊
ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ရေဘေးသင့်ခဲ့သည့် မုက္ကဒိ၊
ဖားနွဲ့ကျွန်း၊ ခဲတောက်၊ ကမ်းကြီး၊ ကျုံပိုက်၊ ဖရဲကျွန်း၊ တောင်ကြားကျေးရွာများမှ
တောင်သူများအား ၅၀ ကီလို တိရိစ္ဆာန်အစာအိတ် ၇၀ အိတ်၊
တိရိစ္ဆာန်ဆေးဝါးများ တစ်ဖါနှင့် တိုင်းရင်းသား လက်နက်ကိုင်ငြိမ်းချမ်းရေးဒေသများတွင် စိုက်ပျိုးရေး ဦးစီးဌာနနှင့် ပူးပေါင်း၍ ဒေသဖွံဖြိုးရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေသော GMSAEDC အဖွဲ့မှ ထောက်ပံ့သည့်
ဟင်းသီးဟင်းရွက် မျိုးစေ့(၅)မျိုးပါ အထုတ်(၂၁၀)ကို ထောက်ပံ့ပေးအပ်ရာ တောင်သူများ
ကိုယ်စား ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည်
မုက္ကဒိကျေးရွာ အထက်ဘုန်းတော်ကြီးကျောင်း ဆရာတော် ဘဒ္ဒန္တအဂ္ဂဝံသအား ဖူးမြော်ကြည်ညိုပြီး
ဒေသဖွံ့ဖြိုးရေးနှင့်သာသနာတော်ဆိုင်ရာများ လျှောက်ထားတင်ပြကာ ဝါတွင်းကာလ
ဆွမ်းကိစ္စခက်ခဲပင်ပန်းမှုမရှိစေရေး ဆွမ်းဆန်တော်၊ ဆီ၊
လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူ တော်ငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် အဆိုပါဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် လူဝင်မှုကြီးကြပ်ရေးနှင့်
ပြည်သူ့အင်အား ဝန်ကြီးဌာန ဘားအံမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့်
အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်နေမှုအား
ကြည့်ရှုအားပေးကာ မုက္ကဒိကျေးရွာနှင့် ဖားနွဲ့ကျွန်းကျေးရွာများမှ ဒေသခံပြည်သူများအား
အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားကတ်ပြားများအား လက်ဝယ်အရောက် ပေးအပ်ခဲ့ကြကာ
ဒေသခံပြည် သူများအတွက် ပါးစပ်နှင့်နာခေါင်းစည်း Mask (၄၀၀၀)ကို
ထောက်ပံ့ပေးအပ်ခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မုက္ကဒိ-ဖားနွဲ့ကျွန်း
လူကူးကြိုးတံတား (အိပ်မက်တံတား)၏ ကြံခိုင်မှုအား
ကြည့်ရှုစစ်ဆေးပြီး ချည်းကပ်လမ်းမြေကျွံကျနေခြင်းအား ပြင်ဆင်နိုင်ရေးနှင့် လာမည့်ဘဏ္ဍာနှစ်တွင် သံလွင်မြစ် ကမ်းပြိုကာကွယ်ရေး ပေ ၅၀၀
ကမ်းထိန်းနံရံ တည်ဆောက်နိုင်ရေးတို့ကို လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများသည် ဖားနွဲ့ကျွန်းကျေးရွာ
ရန်ကုန်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တစိတ္တရအား ဖူးမြော်ကြည်ညို၍ ဆွမ်းဆန်တော်၊ ဆီ၊ လှူဖွယ်ဝတ္ထု ပစ္စည်းများနှင့် နဝကမ္မအလှူငွေများကို
ဆက်ကပ်လှူဒါန်းခဲ့ပြီး မုက္ကဒိအောက်ပိုင်း သံလွင်မြစ်ကမ်းထိန်းနံရံ
တည်ဆောက်နိုင်ရေးနှင့် Pipe Culvert များဖြင့် သံလွင်မြစ်အတွင်း ရေဖောက်ထုတ်၍ ကျေးရွာရေစီးရေလာ ကောင်းမွန်ရေးတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ခဲတောက်ကျုံပိုက်
ဘုန်းတော်ကြီးကျောင်း ဆရာတော် ဘဒ္ဒန္တကုသလအား ဖူးမြော်ကြည်ညို၍
ဆွမ်းဆန်တော်၊ ဆီ၊ လှူဖွယ်ဝတ္ထု ပစ္စည်းများနှင့်
နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)
No comments:
Post a Comment