မင်္ဂလာဒုံ စက်တင်ဘာ ၈
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင် မင်္ဂလာဒုံမြို့နယ် အခမဲ့နာရေးကူညီမှုအသင်း(ထောက်ကြံ့) နှင့် စေတနာရှင်အလှူရှင်များပူးပေါင်းဆောင်ရွက်မှုဖြင့် အောက်ဆီဂျင်စက်ရုံတည်ဆောက်မှု ၉၀ ရာခိုင်နှုန်း ပြီးစီး၍ စတင်စမ်းသပ်ထုတ်လုပ်ပေးလျက်ရှိကြောင်း အခမဲ့နာရေးကူညီမှုအသင်း(ထောက်ကြံ့) ဥက္ကဋ္ဌ ဦးလှမြင့်ထံမှ သိရသည်။
“ကျွန်တော်တို့ အခမဲ့နာရေးကူညီမှုအသင်း(ထောက်ကြံ့)၏
ဦးဆောင်မှုနဲ့ ထောက်ကြံ့မြို့သူ မြို့သားများ၊ အလှူရှင်ပြည်သူများလှူဒါန်းထောက်ပံ့မှုဖြင့်
အခမဲ့နာရေးကူညီမှုအသင်းဝန်းအတွင်း၌ ဇူလိုင်လ ၂၅ ရက်နေ့မှ စတင်၍ တည်ဆောက်ခဲ့ပါတယ်။ ယခုဆိုရင် စက်ရုံတည်ဆောက်မှုက ၉၀ ရာခိုင်နှုန်းသာပြီးစီးနေပေမဲ့
ဩဂုတ်လ ၃၁ ရက်နေ့မှ စတင်ကာ စမ်းသတ်ထုတ်လုပ်ပြီး ပြည်သူများရဲ့ အောက်ဆီဂျင်လိုအပ်မှုကို
အခမဲ့ဖြန့်ဝေ ဆောင်ရွက်ပေးနေပါတယ်။ ဒီလိုစမ်းသပ်ထုတ်လုပ်ရာမှာ ကျွန်တော်တို့ တစ်နေ့ကို
စွမ်းအားပြည့် ထုတ်ရင် ၄၀ လီတာ အိုးကြီး အလုံး ၇၀ ထုတ်လုပ်နိုင်မှာဖြစ်ပြီး လက်ရှိကတော့
တစ်ရက်ကို အလုံး ၅၀ စမ်းသပ်ထုတ်လုပ်ပြီး လူမျိုးဘာသာမရွေး အခမဲ့ ဖြန့်ဝေပေးနေပါတယ်”
ဟု အခမဲ့နာရေးကူညီမှုအသင်း(ထောက်ကြံ့)အဖွဲ့ဝင်
အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရေး တာဝန်ယူဆောင်ရွက်သူ ဦးသန်းနိုင်ဝင်း ကပြောပြသည်။
အဆိုပါ အောက်ဆီဂျင်စက်ရုံကို မင်္ဂလာဒုံမြို့နယ်
ထောက်ကြန့်မြို့ရှောင်လမ်း အခမဲ့နာရေးကူညီမှု အသင်း(ထောက်ကြံ့) ဝန်းအတွင်း၌ ထောက်ကြံ့
မြို့သူမြို့သားများ၊ အလှူရှင်ပြည်သူများ လှူဒါန်းထောက်ပံ့မှု ဖြင့် ပေ ၅၀ ပေ ၃၀ရှိ Rc-သွပ်မိုး အဆောက်အဦ တည်ဆောက်ထားကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)

No comments:
Post a Comment