Wednesday, September 8, 2021

စလင်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြား လုပ်ဆောင်နိုင်ရန် လျှောက်လွှာများ ဖြန့်ဝေ


စလင်း စက်တင်ဘာ ၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်း မြို့နယ်လူဝင်မှု ကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်အစီအစဉ်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား လုပ်ဆောင်နိုင်ရန်အတွက် အသက်(၁၀/၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးရန်နှင့် ပျောက်ဆုံးပျက်စီးခြင်းအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား မိတ္တူပြုလုပ်ပေးရန် လျှောက်ထားနိုင်သည့် လျှောက်လွှာများဖြန့်ဝေခြင်းလုပ်ငန်းကို ယနေ့ ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ပြုလုပ်ဆောင်ရွက်ခြင်းကို စလင်းမြို့နယ်လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာနမှ ဦးစီးအရာရှိဦးတင်အေးနှင့် ရုံးအဖွဲ့ဝန်ထမ်းများက မြို့ပေါ်လူစည် ကားရာနေရာများဖြစ်သည့် မီးပွိုင့်လမ်းဆုံ၊ မြို့အဝင်အထွက်ဂိတ်များ၊ မြို့မဈေးကြီးနှင့် အခွန်လွတ်ဈေးများတွင်ပြုလုပ်ခဲ့ကြသည်။ မြို့နယ်အတွင်းရှိပြည်သူများ နိုင်ငံသားစိစစ်ရေး ကတ်ပြားမရရှိသူများနှင့် အိမ်ထောင်စု လူဦးရေစာရင်း ပြုလုပ်လိုသော အိမ်ထောင်စုများအား ပန်းခင်းစီမံချက်ဖြင့် မြို့နယ်ဦးစီးအရာရှိ၏ကြီးကြပ်မှုဖြင့်  ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉လမ်းညွှန်ချက်များနှင့်အညီ ရုံးပိတ်ရက်မရှိ ပြုလုပ်ဆောင်ရွက် ပေးလျက်ရှိကြောင်းနှင့် အကြောင်းအမျိုးမျိုးကြောင့် သွားလာရန် အခက်အခဲ ရှိသူများအား ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်ချိတ်ဆက်၍ အခမဲ့ကွင်းဆင်းဆောင်ရွက်ပေး လျက်ရှိကြောင်းသိရှိရသည်။

မောင်လွင်(စလင်း)


No comments:

Post a Comment