Thursday, September 2, 2021

ကိုဗစ်-၁၉‌ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့လှူဒါန်း

 


မန္တလေး စက်တင်ဘာ ၂


ကိုဗစ်-၁၉‌ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့လှူဒါန်းခြင်းကို ယမန်နေ့ ညနေ ၄ နာရီက မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အလှူရှင်များဖြစ်ကြသော ဥပုသ်တော်ရပ်ကွက်၊ အကွက်(၂၃)ရှိ စည်ပင်တိုက်ခန်းနေ ဦးအောင်ဇော် (ဇနီး)ဒေါ်ပန်ပန်နှင့် မိတ်ဆွေအပေါင်းတို့က စုပေါင်း၍ ရပ်ကွက်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု(၄၀၀)စုတို့အား အိမ်ထောင်စုတစ်စုလျင် တန်ဖိုးငွေ ၅၀၀၀ကျပ်တန်ဖိုးရှိ ဆန်(၁)ပြည်၊ ဆီ(၅၀)ကျပ်သား၊ ကြက်သွန် နီ(၅၀)ကျပ်သား၊ ငါးခြောက်(၁၀)ကျပ်သား၊ ကြက်ဥ (၄)လုံး အစရှိသည့် စားသောက်ကုန် ပစ္စည်း(၅)မျိုးတို့ကို အသီးသီး ထောက်ပံ့ လှူဒါန်းကြခြင်းဖြစ်သည်။

အဆိုပါလှူဒါန်းရာသို့ ဥပုသ်တော်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးတင်မောင်မြင့်နှင့် ရာအိမ်မှူးများက ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျဖြစ်စေရေး ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့‌ကြောင်း သိရသည်။

ဇော်လင်းဦး(အောင်စံ)

 

No comments:

Post a Comment