Thursday, September 2, 2021

မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ တိုင်းဦးစီးမှူးနှင့်အဖွဲ့ ကမ်းနားလမ်းရှိ ရေကင်းများအား လိုက်လံကြည့်ရှုစစ်ဆေး

 


မန္တလေး စက်တင်ဘာ ၂


မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တွင် မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးဇော်ဝင်းထွန်းနှင့်အဖွဲ့သည် ယမန်နေ့ နံနက် ၉ နာရီက ကမ်းနားလမ်းရှိ ရေကင်းများအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် တိုင်းဦးစီးမှူးနှင့်အဖွဲ့သည် အိုးဘိုရွှေကျင်ရပ်ကွက် ကမ်းနားလမ်းရှိ ရေကင်းနှင့် ညောင်ကွဲရပ်ကွက် ကမ်းနားလမ်းရှိ‌ ရေကင်းများသို့ ရောက်ရှိရာ အောင်မြေသာစံမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြင့်ခိုင်က ဧရာဝတီမြစ်ရေ ဝင်ရောက်မှု အခြေအနေနှင့် ရေကင်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်း တင်ပြသည်။

ထို့နောက် တိုင်းဦးစီးမှူးနှင့်အဖွဲ့သည် ဧရာဝတီမြစ်ရေ ဝင်ရောက်မှုအခြေအနေကိုကြည့်ရှုပြီး တိုင်းဦးစီးမှူးက ရေကင်းများတွင် တာဝန်ထမ်းဆောင်ကြသည့် မီးသတ်တပ်ဖွဲ့ဝင်များအား လုံခြုံရေး အထူးဂရုစိုက်နေထိုင်ရန်၊ မြစ်ရေဝင်ရောက်လာပါက ရှာဖွေကယ်ဆယ်ရေး အဖွဲ့ဝင်များ အနေဖြင့် အသင့်ရှိစေရန်နှင့် အချိန်မီလျင်မြန်စွာ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို တုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် ရှာဖွေကယ်ဆယ်ရေး လှေများကြံ့ခိုင်မှုရှိစေရေး အမြဲစစ်ဆေးမှုများပြုလုပ်ရန်၊ ထူးခြားမှုရှိပါက သက်ဆိုင်ရာသို့ အချိန်မီသတင်းပေးပို့ကြရန်တို့ကို မှာကြားပြီး တိုင်းဦးစီးမှူးနှင့်အဖွဲ့သည် ဆက်လက်၍ ကမ်းနားလမ်း တစ်လျှောက်ရှ ိရေးကင်းများအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ဇော်လင်းဦး(အောင်စံ)

No comments:

Post a Comment