Thursday, September 2, 2021

တိုက်ကြီးမြို့နယ်အတွင်းရှိ ပြည်သူ့ဆေးရုံနှင့် တိုက်နယ်ဆေးရုံများ အောက်ဆီဂျင်ပြတ်လပ်မှု မရှိစေရေး ဆောင်ရွက်ပေးလျက်ရှိ

 


တိုက်ကြီး စက်တင်ဘာ 

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်အတွင်းရှိ ပြည်သူ့ဆေးရုံနှင့် တိုက်နယ်ဆေးရုံများတွင် တက်ရောက်ဆေးကုသမှုခံယူနေသည့် အောက်ဆီဂျင်လိုအပ် နေသော လူနာများအတွက် အောက်ဆီဂျင်ပြတ်လပ်မှုမရှိစေရေး  မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့က စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာတွင် နေ့စဉ် အောက်ဆီဂျင်အိုး (၄၀)လီတာအိုး အလုံး(၅၀)ကို မှော်ဘီ မြို့နယ် မြောင်းတကာသံမဏိစက်ရုံမှ သွားရောက်ထုတ်ယူပြီး အလုံး(၄၀)အား မြို့နယ် ပြည်သူ့ဆေးရုံ ၊ ဥက္ကံတိုက်နယ်ဆေးရုံ၊ အဖျောက်တိုက်နယ်ဆေးရုံ နှင့် တော်လတီတိုက်နယ် ဆေးရုံများသို့ ဖြန့်ဝေပေးပြီး ကျန်(၁၀)လုံးအား မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး တွင် အသင့်ထားရှိကာ အောက်ဆီဂျင် အမှန်တကယ် လိုအပ်နေသော ပြည်သူများအတွက်  အခမဲ့ဖြန့်ဝေပေးနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိပြီး လာရောက်ထုတ်ယူသူများကိုလည်း ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးနည်းလမ်းများ နှင့် အညီ စနစ်တကျဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

တိုက်ကြီးမြို့နယ်အတွင်းရှိ တိုက်ကြီးမြို့၊ ဥက္ကံမြို့၊ အဖျောက်မြို့များရှိ ပြည်သူများ ကိုဗစ်-၁၉ရောဂါ တတိယလှိုင်းတွင် ရောဂါကူးစက်ခံရသူများ အောက်ဆီဂျင်လုံလောက်စွာ ရရှိရေး ၊ အခက်အခဲများဖြစ်ပေါ်မှုမရှိစေရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်စိုး ထံမှ သိရသည်။

စန်းကလျာခိုင်(ပြန်/ဆက်)

No comments:

Post a Comment