တာချီလိတ် စက်တင်ဘာ ၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ မိုင်းဖုန်း(က)ကျေးရွာအုပ်စု ၊ ဝမ်ပုံဆိပ်ကမ်း မှတစ်ဆင့် လာအိုနိုင်ငံမှလွှဲပြောင်းလာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူ ၅၄၈ ဦး တို့ ယမန်နေ့က ဝင်ရောက်လာခဲ့ကြောင်း သိရသည်။
ထိုသို့ပြန်လည် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား
နေရပ်ပြန်ပြည်သူများသည် အမျိုးသား ၃၂၀ ဦးနှင့် အမျိုးသမီး ၂၂၈ ဦး စုစုပေါင်း ၅၄၈ ဦး
တို့ဖြစ်ပြီး ၎င်းတို့အား နှစ်နိုင်ငံနယ်ခြားကော်မတီတို့က စနစ်တကျလွှဲပြောင်းပေးခဲ့ရာ
စစ်ဗျူဟာအဖွဲ့ (အခြေချ)တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး မင်းမင်းထွန်း၊ခရိုင်ကိုဗစ်-၁၉
ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီ ဉက္ကဌ ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့
ဥက္ကဋ္ဌ ဦးမြင့်နိုင် နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ဦးကျော်နှင့်အဖွဲ့ဝင်များက
လက်ခံကြိုဆိုခဲ့သည်။
အဆိုပါ ပြန်လည်ဝင်ရောက်လာသူများအား ကိုဗစ် -၁၉ရောဂါကြိုတင်ကာကွယ်
ထိန်းချုပ်ကုသရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ရာ အမျိုးသား ခုနှစ်ဦးနှင့် အမျိုးသမီးငါးဦး စုစုပေါင်း
၁၂ ဦး တို့တွင် ကိုဗစ်-၁၉ ရောဂါ ပိုးစစ်ဆေးတွေ့ရှိရသဖြင့် ယင်းအတည်ပြုလူနာများကို ဝမ်လုံး
Quarantine Centerသို့ ပို့ဆောင်ဆေးကုသပေးသွား မည်ဖြစ်ကြောင်းသိရသည်။
ထို့နောက်တာဝန်ရှိသူများနှင့် မြို့ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး
အထောက်အကူပြုအဖွဲ့က နေရပ်ဒေသသို့ ပြန်ကြမည့်သူများကို အားပေးစကားများပြောကြားကာ ၎င်းတို့နေထိုင်ရာ တိုင်းဒေသကြီးနှင့်ပြည် နယ်အသီးသီးသို့
ပြန်နိုင်ရေး လိုအပ်သည်များ ကူညီဆောင်ရွက်ပေးကာ မော်တော်ယာဉ်များ အခမဲ့စီစဉ်ပေး၍ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း
သိရှိရသည်။
ယာဆေး(ပြန်/ဆက်)
No comments:
Post a Comment