Saturday, September 25, 2021

ကန့်ဘလူမြို့၌ ၁၂ ခန်းတွဲ လေးထပ် ပြည်သူ့အငှားအိမ်ရာ ၇၅ ရာခိုင်နှုန်းခန့် ဆောက်လုပ်ပြီးစီး

 



ကန့်ဘလူ စက်တင်ဘာ ၂၅

 စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့တွင် တည်ဆောက်လျက်ရှိသည့် ပြည်သူ့အငှား အိမ်ရာစီမံကိန်းမှာ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိရေးနှင့် ဝင်ငွေနည်း ပြည်သူများ နေရေးဖြေရှင်း ပေးနိုင်ရန်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် အကောင်အ ထည်ဖော် တည်ဆောက်နေသည့် ၁၂ ခန်းတွဲ လေးထပ် ပြည်သူ့အငှားအိမ်ရာ အဆောက်အဦမှာ ယခုအခါ ၇၅ ရာ ခိုင်နှုန်းခန့် တည်ဆောက်ပြီးစီးနေပြီဖြစ်ကြောင်း တင်ဒါစနစ်ဖြင့် တာဝန်ယူတည်ဆောက်နေသည့် WELLTECH ဆောက်လုပ်ရေး ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးဇော်လင်းထံမှသိရသည်။

 အဆိုပါအဆောက်အဦးမှာ အလျား ၁၃၂ ပေ၊ အနံ ၅၁ ပေ အာရ်စီ လေးထပ်အဆောက်အဦးဖြစ်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၂၀ -၂၀၂၁ ဘဏ္ဍာနှစ် ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေ ကျပ် ၆၁၂ သန်းဖြင့် မုံရွာမြို့ WELLTECH ဆောက်လုပ်ရေး ကုမ္ပဏီက တာဝန်ယူတည်ဆောက်နေခြင်းဖြစ်ကာ ယခုအခါ ၇၅ ရာခိုင်နှုန်းခန့်ပြီးစီး ပြီဖြစ်ကြောင်းနှင့် ယခုနှစ် ဒီဇင်ဘာလအတွင်း အပြီးတည်ဆောက် မည်ဖြစ်ကြောင်း သိရသည်။

 ပြည်သူ့အငှားအိမ်ရာ တည်ဆောက်နေမှုအခြေအနေများအား သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးရေးနှင့် လုပ်ငန်းအရည်အသွေး ပြည့်မီရေးတို့အတွက် ခရိုင်တည်ဆောက်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီမှ မကြာခဏကွင်းဆင်းစစ်ဆေး၍ ရေရှည်တည်တံ့ကောင်းမွန်ရန်နှင့် တင်ဒါပါစည်းကမ်းချက်များနှင့်အညီ တည်ဆောက်ရေးတို့အတွက် ဆောင်ရွက်ရန် ဆွေးနွေးမှာကြား ခဲ့ကြောင်း မန်နေဂျင်းဒါရိုက်တာ၏ ပြောပြချက်အရ သိရသည်။

အဆိုပါ ပြည်သူ့အငှားအိမ်ရာ အဆောက်အဦသည် ကန့်ဘလူမြို့၏ မြို့ရှောင်လမ်း(တက္ကသိုလ် လမ်းမကြီး) အနောက်ဘက် ၁၆ ခုတင်ဆံ့ တိုင်းရင်းဆေးရုံနောက်ကျောကပ်လျက်တွင် တည်ဆောက်နေခြင်းဖြစ် ကြောင်းသိရသည်။

အောင်ဝင်းငြိမ်း (ကန့်ဘလူ)

No comments:

Post a Comment