Wednesday, September 1, 2021

ဒေါပုံမြို့နယ်တွင် အခြေခံ စားသောက်ကုန်များ ဈေးနှုန်းသက်သာစွာဖြင့်ရောင်းချပေး

 


ရန်ကုန်  စက်တင်ဘာ ၁

ကိုဗစ်-၁၉‌‌‌‌‌ ရောဂါ ကူးစက်ပြန့်ပွား‌နေစဉ် ကာလအတွင်းပြည်သူများ စား‌‌သောက်ရေး လွယ်ကူလျှင်မြန်‌‌စေရန် မြန်မာနိုင်ငံဆန်ကုန် သည်များအသင်းမှအခြား စား‌သောက်ကုန်များ ကို ရန်ကုန်တိုင်း‌ဒေသကြီးအတွင်းရှိ မြို့နယ်များ၌‌ ရောင်းချ‌‌ပေးလျှက်ရှိရာ အခြေခံ စား‌‌သောက်ကုန်များဖြစ်ကြသည့် ဆန်၊ ဆီ၊ ကြက်ဥစသည်များကို သြဂုတ်(၃၀)ရက် နေ့နံနက်(၉)နာ‌ရီမှစတင်ကာ ယနေ့ထိဒေါပုံ မြို့နယ်၊ ဝါဆိုရပ်ကွက်ရှိ မဏ္ဍိုင်လမ်းမကြီးနှင့် ရွှေစေတီလမ်းထောင့် တွင်လည်းကောင်း၊ ဇေယျာသီရိရပ်ကွက်ရှိ ပေ(၈၀)လမ်းမကြီး၊ ဓမ္မာရုံ‌ရှေ့ တွင် ်လည်းကောင်း၊‌ ရွေ့လျားယာဉ်ဖြင့် အဖိုးနှုန်းသက်သာစွာ လိုက်လံရောင်းချ ပေးခဲ့ကြောင်းသိရသည်။

ရောင်းချ‌ပေးရာတွင်ကြက်ဥ(၁၀)လုံး တစ်ကပ် လျှင်-၁၃၀၀/-ကျပ်၊ဆီ(၅၀)ကျပ်သား တစ်ဗူး လျှင် (၁၈၅၀/)ကျပ်၊ ဧည့်မထ(၅)ပြည်၀င် တစ်အိတ် လျှင်(၅၀၀၀/)ကျပ်၊ ပေါ်ဆန်း(၅)ပြည် တစ် အိတ် လျှင် (၈၅၀၀/)ကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့ရာဒေသခံပြည်သူများ ကကြက်ဥ(၁၀၀)ကတ်၊ ဆီ(၁၃၆)ဗူး၊ဧည့်မထ(၆၀)အိတ်နှင့် ပေါ်ဆန်း(၇၅)အိတ်တို့ကို ၀ယ်ယူခဲ့ကြသည်။

အဆိုပါအခြေခံစားသောက်ကုန်များ ရောင်းချပေးခြင်းကို ဒေါပုံမြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ဦးမောင်မောင်သင်းနှင့် သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများကဝိုင်း၀န်းကူညီပံ့ပိုးပေးခဲ့ကြပြီးရန်ကုန်တိုင်းဒေသကြီးအတွင်းရှိမြို့နယ်(၁၇)မြို့နယ်၌ထိုသို့လှည့်လည်ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

မြို့နယ်(ပြန်/ဆက်)

No comments:

Post a Comment