ရန်ကုန် စက်တင်ဘာ ၂
ရန်ကုန်တိုင်းဒေသကြီး ကိုဗစ် - ၁၉ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန့်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီခွဲတွင် တိုင်းဒေသကြီးအစိုးအဖွဲ့ရုံး၊ မင်္ဂလာခန်းမတွင် ပြုလုပ်သည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးကိုဗစ်
- ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန့်ရေး ကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်
ဦးလှစိုးက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီးအစိုးရအဖွဲ့၊
ကျန်းမာရေးဝန်ကြီးဌာန အပါအဝင် ဝန်ကြီးဌာနအသီးသီးမှ ဦးစီးဌာနများမှ တာဝန်ရှိသူများ၊
Volunteer များနှင့် ပြည်သူများက ဝိုင်းဝန်းကြိုးစား ဆောင်ရွက်ခဲ့ကြသဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း
ကိုဗစ် - ၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု သိသိသာသာ ကျဆင်းနေပြီးဖြစ်သော်လည်း ဆက်လက်ထိန်းချုပ်နိုင်ရန်နှင့်
အနာဂတ်အတွက် ကြိုတင်မျှော်မှန်းပြီး ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်သွားရေး တာဝန်ရှိသူများကို မှာကြားသည်။
ဆက်လက်၍ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး
ဗိုလ်ချုပ်ညွန့်ဝင်းဆွေမှ တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊
ကုသရေးလုပ်ငန်းများတွင် တပ်မတော်မှ ဝိုင်းဝန်ကူညီ ဆောင်ရွက်ပေးနေမှု အခြေအနေများကို
ပြောကြားသည်။
ထို့နောက်တိုင်းဒေသကြီး
ကျန်းမာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမင်း က ပြည်သူ့ဆေးရုံများ၊ တိုင်းဒေသကြီးအတွင်းရှိ ကိုဗစ်-၁၉
ကုသရေးစင်တာများတွင် ကျန်းမာရေး ဝန်ထမ်းများမှ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင်
ပါဝင်ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းများ၊ ခရိုင်ကိုဗစ်
- ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန့်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌများနှင့်
တက်ရောက်လာသည့် ကော်မတီဝင်များမှ ကဏ္ဍအလိုက် ဆွေးနွေးတင်ပြသည်။
ဆွေးနွေးတင်ပြချက်များအပေါ်
ရန်ကုန်တိုင်းဒေသကြီးကိုဗစ် - ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊
တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှစိုးကဖြည့်ဆည်း ဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း
သိရသည်။
ဆန်းကျော်ဦး
No comments:
Post a Comment