ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ်
ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်
ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့နေ့လယ် (၂) နာရီက ကျောက်တံခါးမြို့နယ်၊ မြို့ချောင်းကျေးရွာအုပ်စုအတွင်း
ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် (volunteer) များ၏ ဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှု
စစ်ဆေးခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောက်တံခါးမြို့နယ် မြို့ချောင်းကျေးရွာအုပ်စု အတွင်းရှိ ဒေသဖွံဖြိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့သည်။ ဆက်လက်၍ မြို့ချောင်း ကျေးရွာအုပ်စုအတွင်းရှိ (volunteer) များ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်နေမှုများအား ကြည့်ရှုပြီး အားပေးစကား ပြောကြားခဲ့သည်။
ကိုဗစ်-၁၉
ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများဖြစ်သည့် နှာခေါင်းစည်း (Mask) နှင့် လက်သန့် ဆေးရည်
များ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

No comments:
Post a Comment