မကွေး စက်တင်ဘာ ၂၆
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးခန်းမ(အောက်ထပ်)၌ စက်တင်ဘာလ ၂၄ ရက် ယမန်နေ့ မွန်းလွဲပိုင်းက မဲဇလီဆည်ရေသောက်ဧရိယာအတွင်းရှိ စိုက်ပျိုးရေ မရရှိသော လယ်မြေများ ဆိုလာစနစ်ဖြင့် ရေတင်ခြင်းလုပ်ငန်း ဆောင်ရွက်ရန် ကုမ္ပဏီများမှ ပစ္စည်းမိတ်ဆက်ခြင်းနှင့် တိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေ တင်ပြခြင်း ဆောင်ရွက်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက် အမှာစကား ပြောကြားသည်။
ရှေးဦးစွာ
တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန
အနေဖြင့် ကျေးရွာပြည်သူများ သောက်သုံးရေ ရရှိရေးလုပ်ငန်းများ
ဆောင်ရွက်လျက်ရှိကြောင်း၊ ပိုမို ထိရောက်တဲ့ ရေပေးဝေရေးစနစ်နဲ့
ရေသန့်စင်ခြင်းစနစ်များလည်း တိုးမြှင့်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတာ
တွေ့ရကြောင်း၊ ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာနှစ်အတွင်း ဆိုလာစနစ်ဖြင့် ကျေးလက် ရေရရှိရေး
လုပ်ငန်းကို မြို့နယ်(၆)မြို့နယ်မှ ကျေးရွာ(၆)ရွာမှာ မြစိမ်းရောင်အတိုးရငွေ၊ VDP၊
ကျေးလက်၊ အလှူရှင်၊ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ စသည့် ရန်ပုံငွေ/ အဖွဲ့အစည်းဖြင့်
ဆောင်ရွက်ထားတာ တွေ့ရှိရကြောင်း၊ စက်ရေတွင်းများတူးဖော်ပြီး ရေဖြန့်ဝေရာမှာ
အင်ဂျင်ဖြင့် ရေတင်ပန့် မောင်းနှင်ခြင်း လုပ်ငန်းအစား လျှပ်စစ်မီးရရှိပြီး
ကျေးရွာများမှာ ပါဝါမီတာတပ်ဆင် အသုံးပြုခြင်း၊ လျှပ်စစ်မီးအလှမ်း ဝေးတဲ့
ကျေးရွာတွေမှာ ဆိုလာစွမ်းအင်သုံး ရေတင်ပန့်များတပ်ဆင် အသုံးပြုခြင်းဖြင့်
လက်ရှိရေပေး ရေးလုပ်ငန်းများအား အဆင့်မြှင့် တင်ခြင်းလုပ်ငန်းများကို
ဘဏ္ဍာနှစ်အလိုက် ရန်ပုံငွေလျာထားကာ အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း
စသည်ဖြင့် ပြောကြားသည်။
ဆက်လက်ပြီး မဲဇလီဆည်ရေသောက်ဧရိယာအတွင်းရှိ စိုက်ပျိုးရေ မရရှိသော လယ်မြေများ ဆိုလာ စနစ်ဖြင့် ရေတင်ခြင်းလုပ်ငန်း ဆောင်ရွက်ရန် ကုမ္ပဏီများမှ ပစ္စည်းမိတ်ဆက် ရှင်းလင်းတင်ပြခဲ့ပြီး၊ တိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးက ကျေးလက် ရေရရှိရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြကာ၊ တက်ရောက် လာသူများမှ လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။
ယင်းနောက်
တိုင်းဒေသကြီး ဝန်ကြီးချုပ်က လက်ရှိဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့်
၂၀၂၁-၂၀၂၂ ခုဘဏ္ဍာနှစ်အတွင်း ဆိုလာစနစ်များဖြင့် ကျေးလက်ရေရရှိရေး၊ မြို့ရေပေးရေး၊
ဆိုလာ မြစ်ရေတင်စနစ်ဖြင့် စိုက်ပျိုးရေ ရရှိရေးလုပ်ငန်းများ ဆောင်ရွက်ရန် လျာထားမှုများအပေါ်
လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း
ပြောကြားသည်။
မောင်ညီညာ(မကွေး)

No comments:
Post a Comment