မြဝတီ စက်တင်ဘာ ၂၇
မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်နိမိတ်ပိုင်းခြားထားသည့် သောင်ရင်းမြစ်သည် ယမန်နေ့ ညပိုင်းက တဖြည်းဖြည်း မြစ်ရေမြင့်တက်လာပြီး မြဝတီမြို့ရှိ အနိမ့်ပိုင်းနေရာများ ရေများဝင်ရောက်ကာ ရေကြီး မှုများ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
အဆိုပါရေကြီးမှုကြောင့် ရေဘေးသင့်ပြည်သူများအား ယာယီရေဘေးကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ် ထားရှိပြီး သက်ဆိုင်ရာတာဝန်ရှိသူများနှင့် လူမှုကူညီရေးအသင်းအဖွဲ့များမှ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
ထို့သို့ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၁၁) နာရီအချိန်အထိ မြဝတီမြို့အမှတ် (၁) ရပ်ကွက်နှင့် အမှတ်(၃)ရပ်ကွက်တို့တွင် ရေဘေးသင့် အိမ်စောင်စု (၂၁၅)စု၊ ရေဘေးသင့်သူ ၉၀၀ ဦး၊ အမှတ် (၂) ရပ်ကွက်တွင် ရေဘေးသင့်အိမ်ထောင်စု(၁၁၂)စု၊ ရေဘေးသင့်သူ ၄၈၂ ဦးရေ၊ အမှတ်(၄)ရပ်ကွက်တွင် ရေဘေးသင့်အိမ်ထောင်စု (၂၄)စု၊ ရေဘေး သင့်သူ (၇၈) ဦးနှင့် အမှတ်(၅)ရပ်ကွက်တွင် ရေဘေးသင့်အိမ်ထောင်စု(၁၄၇) စု၊ ရေ ဘေးသင့်သူ (၅၄၄) ဦး ရှိကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံမှ သိရသည်။
မန်းသန်းရွှေမြင့်


No comments:
Post a Comment