D-Day လုပ်ပြီး အစိုးရကို ဖြုတ်ချမယ်၊ PDF တွေက တစ်နိုင်ငံလုံးအနှံ့ တော်လှန်မယ် စတဲ့သတင်း တွေက ဖေ့စ်ဘွတ်ပေါ်မှာတော့ ပလူပျံနေကြဆဲ။ ဖေ့စ်ဘွတ်လို Virtual World ပေါ်က ပြည်ဖျက်ဆွယ် လုံးတွေကို ယုံကြည်သူတွေရှိနေတာကို ခံယူချက်အမျိုးမျိုးမို့ မှတ်ချက်မပြုလိုပါ။ ဒါပေမယ့် နိုင်ငံအတွင်း အကြမ်းဖက်လုပ်ရပ်တွေ လုပ်ဆောင်ဖို့ လက်နက်သယ်ယူပို့ဆောင်သူတွေ၊ မြို့နယ်အ လိုက် အကြမ်းဖက်လုပ်ငန်းဆောင်ရွက်နေတဲ့ PDF အဖွဲ့ဝင်တွေ၊ မိုင်းထောင်ဖောက်ခွဲ သူတွေ၊ စေခိုင်း သူတွေ၊ ပူးပေါင်းပါဝင်သူတွေ၊ အားပေးသူတွေ၊ မဟုတ်မမှန် သတင်းရေးသားဖြန့်ဝေနေသူတွေ၊ လက်နက်မဲ့ပြည်သူတွေကို ဒလန်လို့ မဟုတ်မမှန် လုပ်ကြံစွပ်စွဲပြီး သတ်ဖြတ်သူတွေ ... တဖြုတ်ဖြုတ်နဲ့ ဖမ်းဆီးရမိနေတဲ့သတင်းတွေကို နေ့စဉ်ဖတ်ရတော့ ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှု၊ တပ်မတော်နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲတို့ရဲ့ စွမ်းစွမ်းတမံ ဖော်ထုတ်ဆောင်ရွက်နေမှုတွေကိုတော့ အသိအမှတ်မပြုဘဲ မနေနိုင်ပါဘူး။ အလွန့်အလွန်ကို လေးစားဂုဏ်ယူပါကြောင်း ပြောလိုပါတယ်။
အခုဆိုရင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟို အဖွဲ့က သတင်းပေးသူနဲ့ ဖမ်းဆီးသူတွေကို ထိုက် တန်စွာ ဆုချီးမြှင့်မည်ဆိုပြီး ကြေညာလိုက်တော့ အကြမ်းဖက်သမားတွေ ပြေးပေါက်မှားတော့ မယ့်အရေး မြင်ယောင်နေမိပါတယ်။
ဗုံးခွဲဖျက်ဆီး၊ မီးရှို့ဖျက်ဆီးရတာကို အရသာ တွေ့နေတဲ့ အကြမ်းဖက်အုပ်စုက ပြည်သူ့ဘဏ္ဍာနဲ့ တည်ဆောက်ထားတဲ့ ဌာနဆိုင်ရာရုံးတွေ၊ အဆောက်အအုံတွေကို ဖျက်ဆီးတာကို အမှန် တရားလို့ ယုံကြည်နေတော့ NUG , PDF အဖွဲ့ဝင် တွေဟာ တစ်ကမ္ဘာလုံးက လက်မခံတဲ့ အကြမ်းဖက်အဖွဲ့ စာရင်းထဲ အလိုလိုရောက်သွားပါပြီ။
D-Day လာမယ်ဆိုတာကိုလည်း ဘယ်နေရာ ကမှန်းမသိတဲ့ NUG နဲ့ သူတို့ မြှောက်ပေးထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)လို့ ဆိုသူတွေက ကြုံးဝါးနေပါသေးတယ်။ တစ်လသင်တန်း၊ နှစ်ပတ် သင်တန်း၊ ဆင့်ပွားသင်တန်းလောက်နဲ့ စိတ်ကူးတွေ ယဉ်နေကြတာက မြန်မာ့တပ် မတော်အကြောင်း မသိတာလည်းမဟုတ်၊ပစ် ပြေးအဆင့်၊ အင်အားနည်းတဲ့စခန်းကို အလစ်ဝင်တိုက်လို့ အောင်ပွဲရတာ လောက်နဲ့ မိုးပြော၊ ချိုးပြောဖို့ ဖေ့စ်ဘွတ်ကွန်မန့်တွေမှာ တောက်ချလိုက်မယ်တို့၊ ဘယ်ဈေးလဲဖြစ်သွား မယ်တို့နဲ့ လှောင်ရယ်ခံတာကိုလည်း မမှတ်ကြဘူး။
ပိတ်ကားပေါ်မှာလောက် တိုက်ပွဲဝင်ဖူးတဲ့ သူ တွေကလည်း တိုက်မယ်၊ ခိုက်မယ် တကဲကဲနဲ့။ တိုက်ပွဲခပ်လတ်လတ် တစ်ပွဲလောက်နွှဲပြီးရင်တော့ သူတို့တွေ နောက်ကျတဲ့ ခြေထောက် သစ္စာဖောက် ဖြစ်တော့မယ်လို့ ကြိုတင်မှန်းဆမိပါတယ်။ တိုက်ပွဲ မှာ ထိခိုက်ဆုံးရှုံးမှု မရှိခဲ့ရင်ပေါ့လေ။
နောင်တရပါပြီဆိုပြီး သွေးကြောင်နေလို့မရ
D-Day ဆိုဆို၊ တော်လှန်ရေးဆိုဆို ဒီလို ပြည် ဖျက်၊ ပြည်သိမ်းလုပ်ရပ်တွေမှာ ပူးပေါင်းပါဝင်သူ တွေ၊ ပါဝင်ချင်နေသူတွေအနေနဲ့ အဲဒီရဲ့အကျိုးဆက်က ဘာတွေဖြစ်လာမယ်ဆိုတာကို သေချာတွက်ဆ ထားဖို့လိုပါတယ်။ စိတ်အား၊ လူအား၊ ငွေအားနဲ့ ပူးပေါင်းပါဝင်မိလို့ ဖမ်းဆီးရမိတော့မှ ဥပဒေကိုမသိလို့ပါ၊ အဲဒီလိုမှန်း မသိလို့ပါ၊ နောင်တရပါပြီ ဆိုပြီး သွေးကြောင်နေလို့ မရပါဘူး။ နောက်ကျမှ ခွင့်လွှတ်ပါဆိုပြီး မျက်နှာငယ်လေးနဲ့ မျက်ရည်ခံထိုး လို့ မရတော့တာ ကြိုတင်သိထားဖို့ လိုပါတယ်။ စစ်တိုက်တယ်ဆိုတာ ရဲဘော်တွေပြောနေသလို ပန်းနဲ့ပေါက်တာမဟုတ်လို့ တိုက်ပွဲတွေဖြစ်ရင် PDF တွေပစ်တဲ့ ကျည်ဆန်က NUGဘက်ကမို့၊ PDF အားပေးမို့မထိဘူး၊ မိုင်းမကွဲဘူးလို့ မထင်မိကြဖို့ တချို့မြို့ပေါ်က အကြမ်းဖက်အား ပေးအဖွဲ့တွေကို ပြောလိုက်ချင်ပါ သေးတယ်။
D-Day လို့သာ ကြွေးကြော်နေတာ တကယ့်အခြေအနေမှာတော့ တော်လှန်ရေးဦးဆောင် လုပ်မယ်ဆိုတဲ့ PDF တွေမှာ လက်နက်ကိုင် တိုက်ဖို့ ထက် မိုးထဲလေထဲ ရိက္ခာရဖို့ ခက်ခဲနေသံတချို့ ထွက်လာပါတယ်။ တစ်ဖက်ကလည်း PDF ကို ထောက်ပံ့ပေးမယ်ဆိုပြီး အလှူငွေကောက်ခံမှု ရှိနေပေမယ့် ဟိုအဖွဲ့မရဘူး၊ ဒီအဖွဲ့မရဘူး ဆိုတာက တစ်မျိုး၊ အလှူငွေကောက်ပေးတဲ့ သူတွေကမညီမျှဘူးဆိုတာက တစ်မျိုးနဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ပေါက်ကွဲ ကြပြန်ပါတယ်။ တိုက်ပွဲမဝင် ရသေးဘူး အုပ်ချုပ်မှု ဖြစ်စဉ်တွေ ဖြစ်နေကြပြီ။ ရေရှည် တိုက်ပွဲ ဝင်ချင်ရင် အုပ်ချုပ်ထောက်ပံ့ မှုကောင်းခြင်းဆိုတာ လိုအပ်ကြောင်း မေတ္တာစကားဆိုပါရစေ။ မြန်မာ့ တပ်မတော်သားတွေ ရှေ့တန်းစစ်မြေပြင်မှာ အစားဆင်းရဲ၊ အဝတ်ဆင်းရဲ၊ အနေဆင်းရဲဘဝတွေ မြင်တုံးက ကိုယ်ချင်း မစာတတ်တဲ့သူတွေ ကိုယ်တိုင်တောထဲတောင်ထဲမှာ စားဝတ်နေရေးအတွက် ရုန်းကန် လှုပ်ရှားကြဦး ပေါ့၊ စည်းကမ်းမရှိတဲ့ နိုင် ရာစား လက်နက်ကိုင်တွေနဲ့ ပေါင်းသင်းကြည့်ဦး ပေါ့၊ သူတို့ နှစ် ၆၀ ကျော် တွန်းလှန်တိုက်ခိုက်တဲ့ နေရာမှာ အစားဝင်တိုက်ပေး၊ အစားဝင်ခံပေးကြဦး ပေါ့လို့ပဲ သတိမူနိုင်၊ ဂူမြင်နိုင်ဖို့ အသိပေးလိုက်ပါ တယ်။
တလွဲဆံပင်ကောင်း အားပေးနေ
NUG က ပြည်ပကနေ အေးအေးဆေးဆေးမြှောက်လုံးတွေနဲ့ တော်လှန်ရေး၊ တော်လှန်ရေးနဲ့ ကြွေးကြော်နေပေမယ့်လက်တွေ့မှာက တောကြား၊တောင်ကြား မိဝေးဖဝေးနဲ့ ဟိုတစ်စု၊ ဒီတစ်စု PDF ဇာတ်လမ်းကမစခင် လမ်းဆုံးမယ့်အခြေအနေကို ဦးတည်နေပါတယ်။ အကြမ်းဖက်မှု တွေကို ဦးဆောင်အစပြုနေရတာက လူငယ်တွေ အများစုဖြစ်ပါတယ်။ လူငယ်သဘာဝ စွန့်စားလုပ်ကိုင်ရတာကို နှစ်သက်တဲ့ သဘောစရိုက်ကို အပိုင်ကိုင်ထားပြီး အကြမ်းဖက်လုပ် ရပ်တွေနဲ့ စွန့်စားစေပါတယ်။ အာဇာနည်နာမည်သာ အဖတ်တင်ကျန်ပြီး ကြွေလွင့်ခဲ့ရတဲ့ လူငယ်တွေအတွက် ဝမ်းနည်း စရာပါ။ အသက်မသေသော်လည်း လက်လုပ်ဗုံး ဖန်တီးစမ်း သပ်ရင်း ကိုယ်လက် အင်္ဂါချို့ယွင်းခဲ့ရတဲ့လူငယ်တွေလည်း မနည်းပါ။ နှမြောမိပါတယ်။ ဒါပေမယ့် တချို့သော မိဘတွေ ကတော့ အာဇာနည် မိခင်ဖြစ်ဖို့ကို မြှောက်ပင့်ပေးနေ၊ တလွဲဆံပင်ကောင်း အားပေးနေတာကို အံ့ဩဖွယ်တွေ့မိပါတယ်။
ပြည်ပကနေ NUG က အင်အားရှိသယောင် အရောင်ပြ ဆွယ်လုံးတွေနဲ့ ဗုံးခွဲ၊ မီးရှို့၊ လူသတ်၊ ဥပဒေမဲ့လုပ်ရပ်တွေကို ပြည်တွင်းမှာ ကျူးလွန်ခိုင်း နေပေမယ့် နိုင်ငံတကာ မျက်နှာစာမှာ အကြမ်းဖက် လုပ်ရပ်တွေ လုပ်တဲ့အဖွဲ့အဖြစ် နာမည်ပေါက်နေ ပြီဆိုတာ သူတို့ကိုယ်သူတို့လည်း သိနေကြပါပြီ။
အခုချိန်မှာ နိုင်ငံအတွင်း ကိုဗစ်-၁၉ ကူးစက်မှုကို အစိုးရအနေနဲ့ ထိန်းချုပ်နိုင်ဖို့ အစွမ်းကုန်ကြိုးစား နေပါတယ်။ ဒီနေ့ဒီအချိန်ဟာ နိုင်ငံရေးနဲ့ သက်ဆိုင် မှုမရှိဘဲပြည်သူ့ ကျန်းမာရေးအတွက် ဆောင်ရွက်နေ ရချိန်ပါ။ ဒီလိုအချိန်ကို အခွင့်ကောင်းယူပြီး အစိုးရ အနေနဲ့ ပြည်သူ့ကျန်းမာရေးကို အလေးပေး မဆောင်ရွက်နိုင်အောင် ကိုဗစ်ရောဂါ ကာကွယ် ၊ ဆေးထိုးပေးတဲ့ နေရာတွေ ဗုံးခွဲတာ၊ ကိုဗစ်ရောဂါကာကွယ်ရေး စစ်ဆေးရေးဂိတ်တွေကို ဗုံးခွဲ တိုက်ခိုက်တာ၊ ဆေးရုံက အောက်ဆီဂျင်ပိုက်လိုင်း တွေကို ဖျက်ဆီးတာ၊ ကာကွယ်ဆေးထိုး လုပ်ငန်းနဲ့ ကာကွယ်ထိန်းချုပ် ရေးလုပ်ငန်းမှာ ပါဝင်တဲ့ သူတွေကို သတ်ဖြတ်တာတွေကို ဒီမိုကရေစီတိုက်ပွဲ၊ အာဏာရှင်တိုက်ပွဲအဖြစ် ပုံဖော်နေတာ စဉ်းစားကြည့်ကြဖို့လိုပါတယ်။ မိမိကိုယ်ပိုင်စိတ်ကူးနဲ့ မိမိဘာသာ နဖူးပေါ်လက်တင် သေချာစဉ်းစားကြည့်သင့်ပါတယ်။
အကြမ်းဖက်မှုတွေ ဆောင်ရွက်ခြင်းကြောင့် အပြစ်မဲ့ပြည်သူတွေ သေဆုံးမှုတွေ ရှိနေပါတယ်။ ဒီလို ပြည်သူတွေအတွက် အသက်အိုးအိမ် ထိခိုက် လာစေမယ့် အကြမ်းဖက်လုပ်ရပ်တွေကို ဖယ်ရှား ရမှာ၊ နှိမ်နင်းရမှာက အစိုးရတစ်ရပ်ရဲ့ တာဝန်ပါ။ ဒါကြောင့် ပြည်သူလူထု အကျိုးစီးပွား အသက် အိုးအိမ်ကို တိုက်ရိုက်ခြိမ်းခြောက်နေတဲ့ အကြမ်းအတွက် ဥပဒေလမ်းကြောင်းအတိုင်း အစိုးရအနေနဲ့ စီမံဆောင် ရွက်တာဖြစ်ပါတယ်။
ဒီလိုဆောင်ရွက်ရာမှာ ပြည်တွင်းမှာ အကြမ်း ဖက်လုပ်ရပ်တွေ ကျူးလွန်ပြီး ပြည်ပနိုင်ငံတွေကို ထွက်ပြေးတိမ်းရှောင်နေတဲ့ အကြမ်းဖက်သမားတွေကို ဖမ်းဆီးအရေးယူနိုင်ဖို့ နိုင်ငံတကာအဖွဲ့ အစည်းတွေကို အကြောင်းကြားစာတွေ ပေးပို့ထားတယ်လို့ သိရှိရပါတယ်။
မြန်မာနိုင်ငံမှာ အခြေစိုက်တဲ့ နိုင်ငံတကာသံရုံးတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ ကမ္ဘာ့ကုလ သမဂ္ဂ အဖွဲ့ရဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး အမှုဆောင် အရာရှိချုပ်ရုံး၊ အာဆီယံအထွေထွေ အတွင်းရေးမှူး ချုပ်ရုံးနဲ့ အာဆီယံအကြမ်းဖက်မှု တိုက်ဖျက်ရေး ကွန်ဗင်းရှင်းရုံး၊ အာဆီယံအမျိုး သား ရဲအဖွဲ့အတွင်း ရေးမှူးရုံးနဲ့ အာဆီယံရဲအဖွဲ့ ၉ နိုင်ငံ၊ အာဆီယံ အပေါင်း အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေး ဆိုင်ရာ ကျွမ်းကျင်လုပ်ငန်းအဖွဲ့တွေ၊ အင်တာပို အထွေထွေအတွင်းရေး မှူးချုပ်နဲ့ အင်တာပို အကြမ်းဖက်မှု တိုက်ဖျက်ရေးဌာန၊ BIMSTEC အကြမ်းဖက်မှု တိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့၊ တရုတ်၊ ရုရှား၊ လာအို၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ ဗီယက်နမ်နဲ့ ထိုင်းနိုင်ငံတို့က ပြည်ထဲရေးဝန်ကြီးတွေနဲ့ အကြမ်းဖက်မှုတိုက် ဖျက်ရေး ဗဟိုအဖွဲ့တွေကို ပူးပေါင်းပါဝင်ပေးဖို့ အကြောင်းကြားစာ ပေးပို့ထားတယ်လို့ ထုတ်ပြန်ထား တာကိုသိရှိရပါတယ်။
အစိုးရနဲ့ပြည်သူ ပူးပေါင်းဟန့်တား
ဒီလိုအစိုးရရဲ့ ပြည်သူ့အသက်အိုးအိမ် အန္တရာယ်ကာကွယ်ရေးအတွက် လုပ်ဆောင်မှုတွေမှာ ပြည်သူတွေကိုယ်တိုင် ပူးပေါင်းပါဝင်အားက အရေးကြီးပါတယ်။ ဒီလိုပူးပေါင်းပါဝင်တဲ့ ပြည်သူ တွေကို အကြမ်းဖက်သမားတွေက ရန်သူအဖြစ် သတ်မှတ်ပြီးတော့ သူလျှိုဒလန်အဖြစ် စွပ်စွဲမှုတွေနဲ့ အကြမ်းဖက်တာတွေရှိနေတဲ့အတွက် ဒီလိုလုပ်ရပ်တွေ မကျူးလွန်နိုင်အောင် အစိုးရနဲ့ ပြည်သူကပဲ ပူးပေါင်းဟန့်တားကြရမှာ ဖြစ်ပါတယ်။
ပြည်သူ့အားကို အလေးထားတဲ့အတွက် စိုးရိမ် စိတ်နဲ့ ရှောင်ခွာနေတဲ့ နိုင်ငံသားတွေကို အစိုးရ အနေနဲ့ ပြန်လည်ဖိတ်ခေါ်နေပါတယ်။ အကြမ်းဖက် အုပ်စုတွေရဲ့ သွေးထိုးလှုံ့ဆော်မှုကြောင့် EAOs တွေ ရှိရာနေရာတွေနဲ့ ပြည်ပနိုင်ငံတွေကို စိုးရိမ်စိတ်နဲ့ တိမ်းရှောင်သွားတဲ့ နိုင်ငံသားတွေကို သတင်းထုတ် ပြန်ပြီး ပြန်လည်ဖိတ်ခေါ်လျက်ရှိပါတယ်။
ထုတ်ပြန်ချက်မှာ လူသတ်မှု၊ လုယက်မှု၊ မီးရှို့မှု၊ မိုင်းဖောက်ခွဲမှု၊ လုံခြုံရေး တပ်ဖွဲ့ဝင်တွေကို ရည်ရွယ် ချက်ရှိရှိ တိုက်ခိုက်မှု၊ ပြည်သူ့ဝန်ထမ်းတွေနဲ့ ပြည်သူအချို့ကို အုပ်စုဖွဲ့ ကိုယ်ထိလက်ရောက် ကျူးလွန်မှုအစိုးရပိုင်အဆောက်အအုံတွေ၊ ပုဂ္ဂလိက ပိုင် အဆောက်အအုံ တွေ ဖျက်ဆီးမှု၊ CDM လှုပ်ရှားမှု တွေမှာ ငွေကြေးအရ၊ တခြားနည်းလမ်းအရ နက်ရှိုင်းစွာ ကာယကံမြောက် ပါဝင်သူတွေ ကလွဲပြီး စိုးရိမ်စိတ်ကြောင့် ထွက်ပြေးနေတဲ့ အသိပညာရှင်၊ အတတ်ပညာရှင်တွေ အပါအဝင် နိုင်ငံသားတွေ အားလုံးကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေနဲ့ အထူးသက်သာစွာ ဆောင်ရွက် ပေးမယ်လို့ ဖော်ပြထားပါတယ်။
ဆက်သွယ်ဖို့ ဖိတ်ခေါ်ထား
ဒီလို ကိုယ့်နိုင်ငံ၊ ကိုယ့်အိုး ကိုယ်အိမ်ကို ပြန်လည်လာရောက်နိုင်ဖို့အတွက် နီးစပ်ရာ ရပ် ကွက်၊ ကျေးရွာ၊ မြို့နယ်၊ ခရိုင် စီမံအုပ်ချုပ်ရေးကောင်စီတွေကို ဆက်သွယ်ဖို့၊ ပြည်ပရောက်နေရင် သက်ဆိုင်ရာ သံရုံး၊ စစ်သံရုံး၊ ကောင်စစ်ဝန်ရုံးတွေ ကို ဆက်သွယ်ဖို့ ဖိတ်ခေါ်ထားတာကို တွေ့ရပါတယ်။
လက်ရှိအစိုးရအနေနဲ့ ဆူပူအကြမ်းဖက်လုပ်ရပ် တွေ ပေါ်ပေါက်နေတာဟာ ပြည်သူလူထုအတွက် အကျိုးမရှိတာကို နားလည်တဲ့အတွက် အကောင်းဆုံး၊ အဖြစ်နိုင်ဆုံး နည်းလမ်းတွေနဲ့ ကြံဆဆောင် ရွက်နေတာကို သိမြင်လက်ခံရမှာဖြစ်ပါတယ်။ ဒီလိုမဟုတ်ဘဲ လွဲမှားတဲ့အကြမ်း ဖက်မှု လမ်းစဉ်ပေါ် မှာသာ အင်အားပြနေကြရင် ဆူပူမှုသံသရာမှာ ဝဲလည်ရင်း နိုင်ငံနဲ့ ပြည်သူပ် ထိခိုက်စေတာ ဖြစ်ပါ တယ်။ ဒီလို ဝဲလည်နေရင် နိုင်ငံသားတိုင်း လိုလား တဲ့ ဒီမိုကရေစီနိုင်ငံကို ရှေးရှုဖို့လည်း ခက်ခဲပါတယ်။ ဒါကြောင့် အကြမ်းဖက်မှုတွေ ဖယ်ခွာရှင်းလင်း နိုင်ဖို့အတွက် ပြည်သူတွေအနေနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ပူးပေါင်းပါဝင်ပေးကြပါလို့သာ နှိုးဆော်တိုက် တွန်းလိုက်ရပါတယ်။
လင်းမှူးအိမ်
No comments:
Post a Comment