Tuesday, September 7, 2021

ပုဂံ-ညောင်ဦးရှေးဟောင်းဇုန်အတွင်းရှိ နှစ်ပေါင်း ၉၀၀ခန့် အုတ်တိုက်အမှတ် ၁၃၁၅ ပြို ကျပျက်စီးမှုဖြစ်


 




ညောင်ဦး  စက်တင်ဘာ 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှု ဇုန်အတွင်း နှစ်သက်တမ်း ၉၀၀ခန့်ရှိ အုတ်တိုက် အမှတ် ၁၃၁၅သည် စက်တင်ဘာ ၆ရက် ည ၇နာရီခွဲအချိန်ခန့်က ပြိုကျပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်မှု အဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်ထံကသိရသည်။

အဆိုပါ နှစ်သက်တမ်း ၉၀၀ခန့်ရှိ အုတ်တိုက် ၁၃၁၅ သည် ညောင်ဦးမြို့နယ် ရှေးဟောင်းယဉ်ကျေးမှုဇုန်အတွင်း မြင်းကပါ ကျေးရွာအုပ်စု ၊မြင်းကပါရွာ ၊ရွှေစေတီဘုရား၏ အရှေ့ဘက် ပုဗ္ဗာရုံဗိမာန်၏ မြောက်ဘက်ရှိ အလျား ၂၀ပေ ၊အနံ ၂၀ပေ၊ အမြင့် ၂၀ပေခန့် ရှိ နှစ်သက်တမ်း ၉၀၀ခန့်ရှိအုတ်တိုက်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့်အမျိုးသား ပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲမှသိရသည်။ ပုဂံရှေးဟောင်းယဉ်ကျေးမှုဇုန်အတွင်းမိုးရွာသွန်း မှုများခဲ့ခြင်းကြောင့် အလျား ၁၅ပေ၊ အမြင့် ၈ပေ၊ ထု ၂ပေခန့် ပျက်စီးဆုံးရှုံးမှုဖြစ်ပွားခဲ့ ကြောင်း ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနမှမူလပုံစံအတိုင်း ပြုပြင် နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းလည်း ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်မှုအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်ထံကသိရသည်။

ကိုထိန်၊KPD

No comments:

Post a Comment