ဝေါလေမြိုင် စက်တင်ဘာ ၂၇
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့တွင် စက်တင်ဘာလ ၂၆ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပိုပိချောင်းမှ တောင်ကျရေများ အရှိန်အဟုန်ပြင်းစွာ စီးဆင်းလာပြီး မြဝတီ-ဝေါလေမြိုင် လမ်းမကြီးပေါ်တွင် တည်ရှိသော ဝင်းဝင်းမြိုင်တံတား၏ ချဉ်းကပ်လမ်းပိုင်း ပေ ၅၀ခန့် ပျက်စီးပြိုကျမှု ဖြစ်ပွားခဲ့သည်။
အဆိုပါ တံတားသည် မြဝတီ-ဝေါလေမြိုင်လမ်းပိုင်း ၇၅.၅ ကီလိုမီတာတွင်တည်ရှိကာ အရှည် ၁၂၀ ပေ၊ အကျယ် ၁၇ ပေ ရှိသော တံတားဖြစ်ပြီး မြဝတီမြို့နှင့် ဝေါလေမြိုင်မြို့တို့ကို အဓိက ဆက်သွယ်ထားသော တံတားတစ်စင်း ဖြစ်သောကြောင့် လမ်းပန်းဆက်သွယ်ရေး ယာယီ ပြတ်တောက်လျက်ရှိသည်။
ထို့ကြောင့် ယာဉ်များနှင့်ခရီးသည်များ ယာယီသွားလာနိုင်ရန်အတွက် လမ်းဦးစီးဌာနမှ ဝင်းဝင်းမြိုင် တံတား ချဉ်းကပ်လမ်းပိုင်း ပြိုကျပျက်စီးမှုအား စစ်ဆေးပြီး အမြန်ဆုံးပြုပြင်နိုင်ရန် ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။
နိုင်မျိုးသင်း(ပြန်/ဆက်)


No comments:
Post a Comment