မြဝတီ စက်တင်ဘာ ၂၇
မြန်မာ-ထိုင်း နှစ်နိုင်ငံ နယ်နိမိတ်ပိုင်းခြားထားသည့် သောင်ရင်းမြစ်သည် ယမန်နေ့ ညပိုင်းက တဖြည်း ဖြည်း မြစ်ရေမြင့်တက်လာပြီး မြဝတီမြို့ရှိ အနိမ့်ပိုင်းနေရာများ ရေများဝင်ရောက်ကာ ရေကြီးမှုများ ဖြစ်ပွားလျက် ရှိကြောင်း သိရသည်။
အဆိုပါ ရေကြီးမှုကြောင့် ယာယီရေဘေး ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားရှိပြီး သက်ဆိုင်ရာ တာဝန်ရှိသူ များနှင့် လူမှုကူညီရေးအသင်းအဖွဲ့များမှ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
ယခု ရေကြီးမှုဖြစ်စဉ်သည် ဒုတိယအကြိမ်ဖြစ်ပြီး မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ နံနက် ၆ နာရီ တိုင်းထွာချက်များအရ သောင်ရင်းမြစ်ရေသည် စိုးရိမ်ရေအမှတ် ၉၆၃ စင်တီမီတာကို ကျော်လွန်ပြီး ၁၁၃၂ စင်တီမီတာသို့ ရောက်ရှိလျက်ရှိကြောင်း သိရသည်။
ထိန်လင်းအောင်

No comments:
Post a Comment