Monday, September 6, 2021

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး တိုင်းဒေသကြီးရဲတပ်ဖွဲ့ ရဲမှူးကြီး သူရသွင်ကိုကိုမှ စလင်းမြို့နယ်အတွင်းရှိ ရေဘေးသင့် အိမ်ထောင်စုများအား ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေများ သွားရောက်ပေးအပ်

 


မင်းဘူး စက်တင်ဘာ ၆


မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ ရဲမှူးကြီးသူရသွင်ကိုကိုနှင့် တာဝန်ရှိသူများက မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်းရှိ ရေဘေးသင့် အိမ်ထောင်စုများအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေများကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ဖောင်းလင်း ကျေးရွာအုပ်စုရှိ ရှင်ပင်ရွှေစောလူးဘုးရားကုန်းမြေ အာရုဏ်ခံ တန်စောင်းစုရပ်၊ မြောက်ရှားတောကျေးရွာ ဓမ္မာရုံစုရပ်နှင့် ဇီဖြူပင်ကျေးရွာ ရွှေဘုံသာတန်စောင်း စုရပ်တို့တွင် သွားရောက် ကွင်းဆင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထောက်ပံ့ပေးအပ်ပွဲတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ ရဲမှူးကြီးသူရသွင်ကိုကို၊ မကွေးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တိုင်းဦးစီးမှူး ဒေါ်ထွေးကြည်၊ မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီဝင်များ၊ စလင်းမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့က္ကဋ္ဌ ဦးနေလင်းနိုင်နှင့် တာဝန်ရှိသူများက အိမ်ထောင်စုပေါင်း(၉၆၉)စုမှ လူဦးရေပေါင်း (၂၈၇၅)ဦးတို့အတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ပေးအပ်ငွေများနှင့် နှာခေါင်းစည်း (Mask)များကို ရေဘေးသင့်ပြည်သူများနှင့် တွေ့ဆုံကာ လက်ဝယ်အရောက် အသီးသီး ပေးအပ် ခဲ့ကြသည်။

စလင်းမြို့နယ်အတွင်းရှိ ကျေးရွာများ၌ စက်တင်ဘာ ၃ ရက်နေ့ အချိန်အထိ ဧရာဝတီမြစ်ရေ ဝင်ရောက်မှုများကြောင့် ရေဘေးသင့် ကျေးရွာ/အုပ်စုပေါင်း(၁၅)ရွာမှ အိမ်ထောင်စုပေါင်း (၉၆၉)စု၊ လူဦးရေပေါင်း (၂၈၇၅)ဦးတို့အတွက် တစ်ဦးလျင် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ ၂၁၀၀ ကျပ်နှုန်းဖြင့် စုစုပေါင်းငွေ ၆၀,၃၇,၅၀၀ (ခြောက်ဆယ်သိန်းသုံးသောင်းခုနှစ်ထောင်ငါးရာ) ကျပ်တိတိကို ထောက်ပံ့ ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆက်လက်ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် တာဝန် ရှိသူများက စလင်းမြို့နယ်အတွင်း ဧရာဝတီမြစ်ရေဝင်ရောက်မှု အခြေအနေများကို လည့်လည် ကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)

No comments:

Post a Comment