မအူပင် စက်တင်ဘာ ၆
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် မိုးရာသီကာလအတွင်း သဘာ၀ ဘေးအန္တရာယ် ကျရောက်ပါက ကာကွယ်ရေးနှင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများအား ဆောင်ရွက်နိုင်ရန်အတွက် ဇာတ်တိုက်လေ့ကျင့်ရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက် ထားရှိမှုများကို ယမန်နေ့ နံနက်ပိုင်းက မအူပင်မြို့၊ တိုးမြစ်အတွင်းရှိ ကျောက်တိုင်ကွင်းဆိပ်၊ အမှတ်(၁၂)ရပ်ကွက် ပေါ်တော်မူဘုရားအနီး ကူးတို့ဆိပ်နှင့် ဝါးတောကျေးရွာ၊ ဝါးတောရေထိန်း တံခါးအနီးတွင် ကျင်းပဆောင်ရွက်သည်။
အဆိုပါဆောင်ရွက်ရာသို့ မအူပင်ခရိုင်စီမံခန့်ရေးအဖွဲ့ဥက္ကဋ္ဌ
ဦးညီညီထွေး၊ အဖွဲ့ဝင် ဒုတိယ ဗိုလ်မှူးကြီး နိုင်လွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဥက္ကဋ္ဌ
ဦးတိုးတိုးဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်မီးသတ် ဦးစီးဌာန ခရိုင်တာဝန်ခံ ဦးကိုကိုဦးနှင့်
တပ်ဖွဲ့ဝင်များ၊ ဆည်မြောင်း ဦးစီးဌာန တာဝန်ခံ ဦးမျိုးထိုက်နှင့် တာဝန်ရှိသူများ၊ မအူပင်ခရိုင်ဘေးအန္တရာယ်
စီမံခန့်ခွဲမှု ဦးစီးဌာနတာဝန်ခံ ဒေါ်စောနှင်းဖြူတို့ တက်ရောက်ပြီး သဘာ၀ဘေးအန္တရာယ်
ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက်ထားရှိမှုနှင့် ရင်ဆိုင်ဖြစ်ပေါ်ပါက အခက်အခဲမရှိ ဆောင်ရွက်နိုင်ရေးအတွက်
ကြိုပြင်ဆင် လေ့ကျင့်ထားရန် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
အောင်ခိုင် ၊ အောင်မြင့်မြတ်(မအူပင်)
၀၉၇၉၀၄၄၂၃၅၀၊၀၉၉၆၃၃၂၇၅၃၂
No comments:
Post a Comment