လပွတ္တာ စက်တင်ဘာ ၂၃
ဧရာ၀တီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် လူမှုဝန်ထမ်းဦးစီးဌာနက ကြီးမှူးကျင်းပသည့် စေတနာ့ဝန်ထမ်း စိတ်လူမှုဆက်ဆံရေးဆိုင်ရာဆင့်ပွားသင်တန်းဖွင့်ပွဲကို လပွတ္တာ(၃)မိုင် လူငယ့် အားမာန်သင်တန်းကျောင်းခန်းမ၌ ယမန်နေ့နံနက် (၁၀:၀၀)အချိန်ကကျင်းပခဲ့သည်။
အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာန တိုင်းဦးစီးမှူးဒေါ်နော်သဝါး ကသင်တန်းပို့ချရာ၌ ရောဂါတုံ့ပြန်ဆောင်ရွက်ရာတွင် စေတနာ့ဝန်ထမ်းများ၏ အခန်းကဏ္ဍ၊ စေတနာ့ ဝန်ထမ်းများ၏ တာဝန်နှင့်လုပ်ငန်းလမ်းညွှန်ချက်၊ ပြောဆိုဆက်သွယ်ဆောင်ရွက်မှုဆိုင်ရာ ကျွမ်းကျင်မှုစိတ် လူမှုပိုင်းဆိုင်ရာပံ့ပိုးမှုပေးခြင်း၊ ဦးတည်အုပ်စုအလိုက် ဝန်ဆောင်မှုပေးခြင်း၊
အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ၊ ကိုယ်ဝန်ဆောင်မိခင်နှင့်နို့စို့ကလေးများ၊ မသန်စွမ်းသူများ နာတာရှည်ရောဂါဝေဒနာရှင်များ စသည့်အကြောင်းအရာများကို ပို့ချခဲ့သည်။
ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးမှူးက ကျန်းမာရေးဆိုင်ရာ အသိပညာပေး လုပ်ငန်းများ၊ PPE ဝတ်စုံဝတ်နည်း၊ ချွတ်နည်း၊ ပိုးသတ်ဆေးအသုံးပြုပုံအဆင့်ဆင့် များကို ရှင်းလင်းပို့ချခဲ့သည်။ စေတနာ့ဝန်ထမ်းစိတ်လူမှုဆက်ဆံရေးဆိုင်ရာဆင့်ပွားသင်တန်းကို လပွတ္တာမြို့နယ်အတွင်းရှိ လူမှုကူညီရေးအသင်းအဖွဲ့များမှ သင်တန်းသား(၄၂)ဦးကို နံနက်/ညနေ ခွဲ၍ တက်ရောက်ခဲ့ကြောင်းသိရသည်။
လပွတ္တာခရိုင်ပြန်/ဆက်

No comments:
Post a Comment