Friday, September 3, 2021

သာစည်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့်ငါးဆူကျောင်းကန်ထူးပေါက်ပြီး လူနေအိမ်အချို့ ရေဝင်ရောက်

 


သာစည် စက်တင်ဘာ၃

မန္တလေးတိုင်းဒေသကြီး  သာစည်မြို့နယ်တွင် ယမန်နေ့ နံနက်ပိုင်းက   မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သာစည်မြို့အမှတ်(၁) ရပ်ကွက် နှင့် ရွာပုလဲကျေးရွာအုပ်စုကြားရှိ    ငါးဆူကျောင်းကန်မှာ  နံနက် ၉ နာရီတွင် အကျယ် ၁၅ ပေခန့် ထူးပေါက်၍  ရေပေါက်ကျမှုဖြစ်ပွား ခဲ့ကြောင်း  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

 အဆိုပါနေရာသို့  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများသွား ရောက်ကြည့်ရှုပြီး ထူးပေါက်သည့် နေရာအားမြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနကနေ့ချင်းပြီး ပြုပြင် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။ ထူးပေါက်ပြီးရေပေါက်ကျမှုကြောင့်အမှတ်(၁)ငါးဆူတိုးချဲ့ရပ်ကွက်ရှိ နေအိမ်အချို့ ရေဝင်ရောက်မှုဖြစ်ပွားခဲ့ပြီးလူနှင့်တိရိစ္ဆာန်များထိခိုက်ဒဏ်ရာရရှိမှုနှင့်သေဆုံးမှုမရှိကြောင်းသိရသည်။                                                           

 မြို့နယ်ပြန်/ဆက်

No comments:

Post a Comment