Sunday, September 5, 2021

ကုန်ကြမ်းမှ ကုန်ချောအဆင့်ထုတ်လုပ်ရာတွင် တောင်သူများအတွက် စိုက်ပျိုးရေးနည်းပညာ၊ လုပ်ငန်းနည်းပညာနှင့် ပတ်ဝန်းကျင်ရွာများအတွက် အလုပ်အကိုင်အခွင့်အလမ်းများရရှိ၍ တိုင်းဒေသကြီးအစိုးရအဖွဲ့က လိုအပ်သည်များကူညီပေးရန် အသင့်ရှိ

 


မန္တလေး စက်တင်ဘာ ၄

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဝဏ္ဏကျော်ထင် ဦးမောင်ကို၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦးတို့သည် တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ ပြင်ဦးလွင်မြို့နယ် သက္ကံချိုင်း ကျေးရွာရှိ Haewoo Myanmar Co.,Ltd Dextrose  Monohydrate ဂေါ်ဖီထုပ်၊ မုန်လာဥနီအခြောက်ခံ စက်ရုံသို့ ယနေ့ နံနက် ၁၀ နာရီခွဲက ရောက်ရှိလာရာ မန္တလေး တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးတိုးမင်းနှင့် စက်ရုံမှတာဝန်ရှိသူ များက ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တက်ရောက် လာသူများအား စက်ရုံတာဝန်ခံ Mr. SunSangwoo က မြန်မာနိုင်ငံအတွင်း လာရောက် လုပ်ကိုင်ရခြင်းရည်ရွယ်ချက်များ၊ တောင်သူများနှင့် Contract farming ဂေါ်ဖီစိုက်ပျိုးနေမှု အခြေအနေများ၊ နိုင်ငံခြားတင်ပို့ရောင်းချရမှုအခြေ အနေများ၊ ဆက်လက်လုပ်ကိုင်မည့် အစီအစဉ်များ၊ အခက်အခဲများကို Power Point ဖြင့် ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က တင်ပြချက်များနှင့် ပတ်သက်ပြီး ပြည်ပမှလာရောက်ရင်းနှီးမြှုပ်နှံ မှုများအပေါ် ကြိုဆိုပါကြောင်း၊ ယခု ဂေါ်ဖီထုပ်စက်ရုံ ကဲ့သို့အခြားသီးနှံများကိုလည်း ကုန်ကြမ်းမှကုန်ချော အဆင့်သို့ ထုတ်လုပ်လိုသည့် ပြည်ပရင်းနှီးမြှုပ်နှံ လိုသူများရှိပါကလည်း ဖိတ်ခေါ်ပါကြောင်း၊ ကုန်ကြမ်းမှ ကုန်ချောအဆင့် ထုတ်လုပ်ရာတွင် တောင်သူများအတွက် စိုက်ပျိုးရေးနည်းပညာ လုပ်ငန်းနည်းပညာနှင့် ပတ်ဝန်းကျင်ရွာများအတွက် အလုပ်အကိုင်အခွင့်အလမ်းများရရှိ၍ တိုင်းဒေသကြီး အစိုးရအဖွဲ့က လိုအပ်သည်များကူညီပေးရန် အသင့်ရှိပါကြောင်း ဆွေးနွေး ပြောကြားခဲ့သည်။

ယင်းနောက် ကုမ္ပဏီနှင့် Contract farming စိုက်ပျိုးနေသည့်တောင်သူများနှင့်တွေ့ဆုံပြီး တောင်သူများမှ စိုက်ပျိုးလုပ်ကိုင်နေသည့် အပေါ်ရရှိသည့် အကျိုးအမြတ်နှင့် အခက်အခဲ များအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကာ ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က စက်ရုံဝင်းအတွင်း ဂေါ်ဖီပင်ပေါက် ပျိုးထောင်နေမှုအဆင့်ဆင့်ကို လိုက်လံကြည့်ရှုခဲ့

သည်။

အဆိုပါစက်ရုံမှာ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုချက်ဖြင့် မြေဧရိယာ ၂၄ ဒသမ ၈၂ ဧကပေါ်၌ ၂၀၁၈-၂၀၁၉ ခုနှစ်တွင် လုပ်ငန်းများ စတင်ခဲ့ရာ နိုင်ငံခြားမှ ဂေါ်ဖီထုပ် မျိုးစေ့များအား ၁၂၈ ပင်ပါသော ပျိုးခွက်ဗန်းများဖြင့် ရက် ၃၀ ကြာ ပျိုးထောင်ပြီး ပျိုးပင်နှင့် မြေဩဇာကို တောင်သူများသို့ ပြန်လည်ဖြန့်ဖြူးရောင်းချကာ ၂ လအကြာ စိုက်ပျိုးပြီးစီးပါက စက်ရုံမှ ကြီး၊ ငယ်၊ အကောင်း၊ အဆိုးမရွေးပြန်လည်ဝယ်ယူကြောင်း၊ ဒေသမျိုးထက် အရွယ်ကြီးပြီး အရောင်လှပကြောင်း၊ ဂေါ်ဖီထုပ်များအား အော်ဂဲနစ်စိုက်ပျိုးရခြင်းဖြစ်ပြီး ရရှိဂေါ်ဖီ ထုပ်များအား သတ်မှတ်ထားသော အစိတ်အပိုင်း အစများရသည်အထိ အဆင့်ဆင့် ထုတ်လုပ်ကာ အခြောက်ခံပြီး ဘက်တီးရီယား လုံးဝကင်းစင်ကြောင်း စစ်ဆေးပြီးမှ ကိုရီးယား၊ ဂျပန်၊ တရုတ်နိုင်ငံများသို့ ပြန်လည်တင်ပို့ကြောင်းနှင့် အသင့်စားခေါက်ဆွဲ ထုပ်များတွင် ဖြည့်စွက်အစာထုပ်များအဖြစ်အသုံး ပြုခြင်းဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှု အောင်မြင်ပါက ဂေါ်ဖီထုပ်၊ မုန်လာဥနီသီးနှံများကို ကုန်ကြမ်းရရှိရေးအတွက် တိုးချဲ့စိုက်ပျိုး ထုတ်လုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment