Friday, September 3, 2021

ဆိပ်ဖြူမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်မှုကြောင့် ဆိပ်ဖြူ -စလင်း -မင်းဘူးကားလမ်း ဆူးလေကုန်းချောင်းရေလျှံ လမ်းပိတ် ဆို့မှုဖြစ်ပွားခဲ့


ဆိပ်ဖြူ     စက်တင်ဘာ ၃

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ယမန်နေ့ နံနက်ပိုင်းက မိုးများသည်းထန်စွာရွာသွန်းခဲ့ခြင်းကြောင့် ဆိပ်ဖြူ -စလင်း -မင်းဘူးကားလမ်းပေါ်ရှိ မြင်က၀ကျေးရွာအုပ်စု  ဆူးလေကုန်းကျေးရွာရှိ ဆူးလေကုန်းရေကျော်ချောင်းသည် ချောင်းရေနှင့်အတူ မျောပါလာသည့် သစ်ပင် သစ်ကိုင်း အမှိုက်ဖြင့် ပိတ်ဆို့မှုကြောင့်သွားလာရန် အခက်အခဲများရှိပြီး လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

အဆိုပါ မိုးရွာသွန်းခြင်းကြောင့် ဆိပ်ဖြူ-စလင်း -မင်းဘူးကားလမ်းပေါ်ရှိ ဆူးလေကုန်းရေကျော်ချောင်းတွင် ခရီးသွားလာ ဆောင်ရွက်လျက်ရှိသည့် ခရီးသွားယာဉ်များနှင့် ဒေသခံပြည်သူများ လမ်းအခက်အခဲဖြစ်ပေါ်နေသဖြင့် မြို့နယ်မီးသတ်တပ်ဖွဲ့ မြို့နယ်ဦးစီးမှူး ဦးအောင်ဇော်လင်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်လမ်းဦးစီးဌာနမှ ဝန်ထမ်းများ၊ ဆိပ်ဖြူမြို့မ ရဲစခန်းမှူး ဒုရဲမှူး သူရမင်းနှင့် ရဲတပ်ဖွဲ့ဝင်များ ဒေသခံပြည်သူများက ချောင်းရေကျော်အတွင်း ပိတ်ဆို့နေသည့် သစ်ပင် သစ်ကိုင်း အမှိုက်များ နှင့် သစ်တုံးများအား ပူးပေါင်းရှင်းလင်းဆောင်ရွက်ပေးရာ နံနက် ၁၁ နာရီအချိန်တွင် ယာဉ်များစတင်ဖြတ်သန်းသွားလာနိုင်ပြီး လမ်းပိတ်ဆုံ့မှုအား ကူညီဆောင်ရွက်ပေးပြီး ထပ်မံလမ်းပိတ်ဆို့မှုမဖြစ်ပေါ်စေရန် လမ်းမကြီးဘေးရှိ အမှိုက်များအား ရှင်းလင်း ဆောင်ရွက်ပေးကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရှိရသည်။    

ကိုဇွဲ(အညာမြေ)                           

                                                                                               


 



No comments:

Post a Comment