Monday, August 23, 2021

ဝန်းသိုမြို့နယ်ရှိ ကျေးရွာပေါင်း ၂၅ရွာတွင် ကျေးရွာလူထုအခြေပြုစနစ် ( VDP) စီမံကိန်းရန်ပုံ ငွေကျပ်သိန်း ၂၅၀၀ဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းပေါင်း ၂၇ခု ဆောင်ရွက်လျက်ရှိ

 





 

ဝန်းသို ဩဂုတ် ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်အတွင်း ကျေးလက်‌အခြေခံအဆောက်အဦ များ ဖွံ့ဖြိုးတိုးတက်လာစေရန် ကျေးရွာလူထုအခြေပြုစနစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံ ကိန်း ( VDP)ရန်ပုံငွေကျပ်သိန်းပေါင်း ၂၅၀၀၊ ပြည်သူထည့်ဝင်ငွေကျပ် ၄၁၂ဒသမ ၉သိန်းဖြင့်  ဖွံ့ဖြိုးရေး လုပ်ငန်း ၂၇ ခုကို ကျေးရွာပေါင်း ၂၅ရွာ၌ အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိကြောင်း မြို့နယ်ကျေးလက်ဦးစီးမှူး ဦးမြတ်မျိုးထွန်းထံမှ သိရသည်။

အဆိုပါကျေးရွာ ၂၅ရွာတွင် လမ်းလုပ်ငန်း(၁၈)ခု၊ တံတားတစ်စင်း၊ ရေရရှိရေးလုပ်ငန်းနှစ်ခု၊ ပညာရေးအတွက်လုပ်ငန်းနှစ်ခု၊ ၊ မီးလင်းရေးလုပ်ငန်းနှစ်ခု၊ အခြားဖွံ့ဖြိုးရေးလုပ်ငန်းနှစ်ခု  စုစုပေါင်းဖွံ့ဖြိုးရေးလုပ်ငန်း ၂၇ ခုကို ဆောင်ရွက်လျက်ရှိရာ ကျေးရွာ ၁၈ရွာတို့မှ စီမံကိန်းလုပ် ငန်းများမှာ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ပြီး ကျန်ကျေးရွာ ၇ ရွာတို့မှ စီမံကိန်းလုပ်ငန်း များကို သတ်မှတ်ချိန်အတွင်း စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးအောင်မြင်နိုင်ရေးအတွက်  မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး၍ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျော်မြိုင်

No comments:

Post a Comment